![]() |
မုံရွာက ကျောင်းသားခေါင်းဆောင်ဟောင်းရုံးထုတ်၊ ရှေ့နေဝရမ်းထုတ်ခံထားရလို့ အမှု မစစ်နိုင် |
စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေရင်း မတ်လ ၁၀ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့ မုံရွာမြို့က ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုအာကာထက်မိုးကို မေလ ၄ ရက်မှာထောင်တွင်းရုံးထုတ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုအာကာထက်မိုးကို ရှေ့နေလိုက်ပေးမယ့် ရှေ့နေ ဖမ်းဝရမ်းပါနေလို့ အမှုကို စစ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ကိုအာကာထက်မိုး အပါအဝင်မုံရွာမြို့ခံ ဖမ်းဆီးခံလူငယ်တွေ မှာ အမှုအတွက် ရှေ့နေ ရရှိနိုင်ဖို့ အခက်အခဲတွေ၊ ထောင်တွင်းမှာပဲ ရုံးထုတ်တာတွေကြောင့် မိသားစု နဲ့တွေ့ခွင့်မရကြဘဲ ဖြစ်နေတယ်လို့ သူ့ရဲ့ အဒေါ်ဖြစ်သူ မခင်မိုးမိုးခိုင်က ဘီဘီစီကို ပြောပါတယ်။
သူ့ကို ဒလန်သတင်းပေးကို ကတုံးတုံးတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ၅၀၅-ကအပါအဝင် ပုဒ်မ ၁၀ ခု နဲ့ တရားစွဲဆိုထားပါတယ်။
BBC Burmese
မုံရွာက ကျောင်းသားခေါင်းဆောင်ဟောင်းရုံးထုတ်၊ ရှေ့နေဝရမ်းထုတ်ခံထားရလို့ အမှု မစစ်နိုင်
Reviewed by THITHTOOLWIN
on
06:57
Rating:

No comments:
Post a Comment