May 11 - Kachinwaves
ဗန်းမော်ခရိုင် မံစီမြို့မှ ငါးမိုင်ခန့် ဝေးသော မဒမ်ယန်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီလက်နက်ကိုင်တပ်၏ စခန်းနှစ်ခုကို ကေအိုင်အေမှ သွားရောက်တိုက်ခိုက်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသေးကြောင်း သတင်းရရှိသည်။
နံနက် ၇ခန့်မှ စတင်ပြီး ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၂၇နှင့် စစ်ကောင်စီလက်နက်ကိုင်များ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
မံစီတွင်စခန်းထိုင်သည့် ခမရ ၃၁၉ နှင့် ခလရ ၆၀၁ တပ်တို့မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မံစီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။a
Kachinwaves
မံစီမြို့နယ်က စစ်ကောင်စီ တပ်စခန်းနှစ်ခု ကေအိုင်အေ တိုက်ခိုက်၊ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေ
Reviewed by THITHTOOLWIN
on
19:57
Rating:

No comments:
Post a Comment