သက်ငယ်မုဒိမ်းကျူးလွန်သူ ကို TNLA မှ သေဒဏ်ချ




Photo by TNLA သတင်းနှင့်ပြန်ကြားရေးဌာန

သျှမ်းသံတော်ဆင့် /ဧပြီ ၁၄ရက် 

နမ့်ဆန်မြို့နယ်၊ ကောင်းကလောအုပ်စု၊ လွယ်ခလေးကျေးရွာနေ  အသက် (၂၄)နှစ် အရွယ်ရှိ မိုင်းအပတ် သည် တရွာတည်းနေ အသက် (၅) နှစ်အရွယ် နန်းအီးအား အဓမ္မ သားမယားပြုကျင့်ပြီး သတ်ပစ်ခဲ့မှုကြောင့် PSLF/TNLA တရားစီရင်ရေးဌာနက ဧပြီလ ၁ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

တရားခံ မိုင်းအပတ်သည် ယခင်ကလည်း ၄ နှစ်အရွယ် ကလေးငယ်နှင့် ၅၄ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ဖူးပြီး လျော်ကြေးငွေဖြင့်သာ ကြေအေးခဲ့သည်။ 

၂၀၁၈ ခုနှစ်တွင်လည်း ပန်ကွဲရွာ အမျိုးသမီးတစ်ဦးကို ဓားပြတိုက် လူသတ်မှု တွင် ပူးပေါင်းပါဝင်ခဲ့တာကြောင့် ၂၀၁၈ နှစ်ကုန် ဒီဇင်ဘာလတွင် ကျောက်မဲခရိုင်တရားရုံးက ပုဒ်မ (၃၀၂) ဖြင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခံရသော်လည်း ထောင်ထဲတွင် ၂ နှစ်ပင်မနေရဘဲ  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  စစ်အာဏာသိမ်းကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကာ ရွာသို့ ပြန်ရောက်လာသည့် ကာလ ၂၃ ရက်အကြာမှာ ယခုလို သက်ငယ်မုဒိန်းကျင့် လူသတ်မှု ထပ်မံ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

သက်ငယ်မုဒိမ်းကျူးလွန်သူ ကို TNLA မှ သေဒဏ်ချ သက်ငယ်မုဒိမ်းကျူးလွန်သူ ကို TNLA မှ သေဒဏ်ချ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.