PVTV ၏ သတင်းထုတ်လွှင့်မှု


Public Voice Television (PVTV) သည် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု (Federal Democracy Union) ဖြစ်တည်ပေါ်ပေါက်လာရေးကို ဦးတည်တိုက်ပွဲဝင်နေသည့် ကြားကာလအချိန်အတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government - NUG) တို့၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ CRPH, NUCC နှင့် NUG တို့၏လှုပ်ရှားမှုများနှင့် ဆက်စပ်ပတ်သက်နေသည့် ပြည်တွင်း၊ ပြည်ပ သတင်းအချက်အလက်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု(နွေဦးတော်လှန်ရေး)တွင် ဓမ္မဘက်ဖြစ်သည့် ပြည်သူလူထုက အောင်ပွဲဆင်နိုင်ရေးကို အထောက်အကူပြုနိုင်မည့် အနုပညာလက်ရာများနှင့် ဖန်တီးတင်ဆက်မှုများကို စုစည်းတင်ဆက်သွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ အနုပညာဖန်တီးထုတ်လုပ်သူများအနေနှင့် နွေဦးတော်လှန်ရေး အောင်ပွဲအတွက် အထောက်အကူဖြစ်စေနိုင်မည့် အနုပညာလက်ရာနှင့် ဖန်တီးတင်ဆက်မှု(Video Content)များ ကို PVTV ၏ သတင်းထုတ်လွှင့်မှု Channel များတွင် ထည့်သွင်းတင်ဆက်ခွင့်ပြုနိုင်ပါက အောက်ပါ မေးလ်လိပ်စာ သို့ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံတောင်းခံအပ်ပါသည်။ 

လေးစားစွာဖြင့်
PVTV Editorial Team

Public Voice Television



PVTV ၏ သတင်းထုတ်လွှင့်မှု PVTV ၏ သတင်းထုတ်လွှင့်မှု Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.