နွေဦးတော်လှန်ရေးကာလ ပြည်သူ့အသံများကို Public Voice Television (PVTV) ရုပ်သံအစီအစဉ်များအဖြစ် ထုတ်လွှင့်ပြသသွားပါမည်


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က စစ်အာဏာရှင်စနစ်ကျဆုံးရေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး လှုပ်ရှားဆောင်ရွက်နေမှုများကို ပြည်သူလူထုထံသို့ စဉ်ဆက်မပြတ် အစီရင်ခံတင်ပြနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ 

တားဆီးပိတ်ဆို့ကန့်သတ်မှုများရှိနေသော်လည်း ပြည်သူလူထုထံ တိကျမှန်ကန်သော သတင်းအချက်အလက်များရောက်ရှိနိုင်ရေးကို နည်းလမ်းပေါင်းစုံသုံးကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မကြာမီကာလတွင် ဖွဲ့စည်းသွားမည်ဖြစ်သည့် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) နှင့်ပတ်သက်သော သတင်းအချက်အလက်များအပါအဝင် နွေဦးတော်လှန်ရေးကာလ ပြည်သူ့အသံများကို Public Voice Television (PVTV) ရုပ်သံအစီအစဉ်များအဖြစ် ထုတ်လွှင့်ပြသသွားရန် ရှိပါသဖြင့် အောက်ပါ Facebook Page ကို Like လုပ်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/Public-Voice-Television-102986271923475

ထုတ်လွှင့်ပြသမည့် ပုံစံများကို ထပ်မံအစီရင်ခံသွားမည်ဖြစ်ပါသည်။

အရေးတော်ပုံ အောင်ရမည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/ 

နွေဦးတော်လှန်ရေးကာလ ပြည်သူ့အသံများကို Public Voice Television (PVTV) ရုပ်သံအစီအစဉ်များအဖြစ် ထုတ်လွှင့်ပြသသွားပါမည် နွေဦးတော်လှန်ရေးကာလ ပြည်သူ့အသံများကို Public Voice Television (PVTV) ရုပ်သံအစီအစဉ်များအဖြစ် ထုတ်လွှင့်ပြသသွားပါမည် Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.