NUG က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂကဆို



အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ကို ထောက်ခံကြောင်းနဲ့ ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါတယ်။

NUG က ပညာရေးဌာနအတွက် တာဝန်ပေးထားတဲ့ ဝန်ကြီးရဲ့လမ်းညွှန်မှုကိုပဲလိုက်နာသွားမယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဟုတ်။ ကျနော်တို့ ပညာရေးဝန်ကြီးဌာနမှာပေါ့နော။ ကျနော်တို့ ခေါင်းဆောင်အသစ်ရောက်လာပြီပေါ့နော။ ဒီခေါင်းဆောင်အသစ်ရောက်လာပြီဖြစ်တဲ့အတွက် ဒီခေါင်းဆောင်အသစ်ရဲ့လမ်းညွှန်မှုအတိုင်း ကျနော်တို့သွားမယ်။ ဒီစစ်ကောင်စီမှာရှိတဲ့ ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးတွေရဲ့လမ်းညွှန်ချက်တွေ ကျနော်တို့ မလိုက္နာဘူး။ NUG ကတာဝန်ယူထားတဲ့ ကျနော်တို့ ဝန်ကြီး နဲ့ ဒုဝန်ကြီးတို့ရဲ့လမ်းညွှန်မှုကိုပဲ ကျနော်တို့လိုက်မယ်ဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်ဗျ။ “

စစ်ကောင်စီရဲ့ အမိန့်ကို လုံးဝနာခံမှာမဟုတ်ပဲ CDM လှုပ်ရှားမှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ကယားပြည်နယ် ပညာရေးဌာနမှာ ဝန်ထမ်းစုစုပေါင်း ၅၀၃၀ဦးရှိပြီး CDM လှုပ်ရှားပါဝင်နေသူ ၃၄၁၃ဦးရှိတယ်လို့ သိရပါတယ်။

NUG ကို CRPH ကဧပြီလ ၁၆ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူထုထောက်ခံမှုရရှိထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ လမ်းညွှန်မှုကိုလည်း လိုက်နာသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ( KSCC ) ဟာ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC ) နဲ့ အမျိုးသားညီညွှတ်ရေးအစိုး ( NUG ) တို့နဲ့အတူ ကယားပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရာစီရင်ရေးကို တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဧပြီလ ၁၈ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

NUG က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂကဆို NUG က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂကဆို Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.