မြင်းခြံ ကမ္ဘောဇဘဏ် ပေါက်ကွဲမှုဖြစ်


မြင်းခြံ မြို့မှာ ကမ္ဘောဇဘဏ် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဘီဘီစီကို ပေးပို့လာတဲ့ဒေသခံတွေရဲ့ ဓာတ်ပုံနဲ့ သတင်းအချက်အလက်တွေအရ ဗုံးလို့ယူဆရပြီး ပျက်စီးတဲ့ ပမာဏများတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ မြန်မာ့ရုပ်သံက တော့ လက်လုပ်မိုင်းနဲ့လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ ည ၈ နာရီသတင်းမှာထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း မြင်းခြံမြို့ စည်ပင်သာယာဈေးတောင်ဘက်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ အရပ်သား ၂ ဦး ဒဏ်ရာရသွားပြီး သူတို့ထဲက ဦးခေါင်း ထိတဲ့တစ်ယောက်ဟာ စိုးရိမ်ရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ကမ္ဘောဇဘဏ်ဟာ အချို့မြို့နယ်တွေမှာ ဖွင့်ပေမဲ့ ဘဏ်ခွဲတွေအားလုံးမဖွင့်နိုင်သေးဘဲ သတ်မှတ်ထားတဲ့လုပ်ငန်းခွင်တွေကို ဧပြီလ ၂၉ ရက် နောက်ဆုံးထားပြီး အလုပ်ပြန်ဝင်ရမယ့်အချက်တွေကို သူ့ရဲ့ဘဏ်ဝန်တမ်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြင်းခြံ ကမ္ဘောဇဘဏ် ပေါက်ကွဲမှုဖြစ်  မြင်းခြံ ကမ္ဘောဇဘဏ် ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.