ဖားကန့်အေးမြသာယာ သပိတ်စစ်ကြောင်း ရက်မပြတ် ဆန္ဒထုတ်ဖော်



ဧပြီ၊၁၃ 

ဖားကန့်မြို့၊ အေးမြသာယာစုပေါင်းသပိတ်စစ်ကြောင်းအနေဖြင့်  ယနေ့ဧပြီလ (၁၃)ရက်နေ့တွင် မမုံ/ဖားပြင်ကျေးရွာများ၌ စစ်အာ‌ဏာရှင်ဆန့်ကျင်ရေး စီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ 

ယနေ့မမုံကျေးတွင်း အေးမြသာယာစုပေါင်းစစ်ကြောင်းစီတန်းလှည့်လည်နေစဉ် အေးမြသာယာလမ်းဆုံမြို့ပေါ်ရပ်ကွက်အဝင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အပစ်အခတ်များဖြစ်ခဲ့မှုကြောင့် အခင်းဖြစ်သည့် နေရာနှင့် (၃)မိုင်ခန့်အကွာအဝေးရှိသော်လည်း  သပိတ်စစ်ကြောင်း အန္တာရယ်ကင်းစေရန် လူစုခွဲကာ ဘေးကင်း‌အောင်ဆောင်ရွက်ခဲ့ရကြောင်း လည်း သိရသည်။ 

ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်တွင် ယနေ့ နံနက် (၁၁) နာရီခန့်က လုံခြုံရေးယာဉ်တန်း မိုင်းခွဲခံခဲ့ရကြောင်းလည်း သိရသည်။






Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

ဖားကန့်အေးမြသာယာ သပိတ်စစ်ကြောင်း ရက်မပြတ် ဆန္ဒထုတ်ဖော် ဖားကန့်အေးမြသာယာ သပိတ်စစ်ကြောင်း ရက်မပြတ် ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.