မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးပွဲတွင်ပါဝင်ကြရန် ဖိတ်ခေါ်


ဧပြီ ၂၀ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်အုပ်စုကို အာဆီယံ(ASEAN)က ငြင်းပယ်ရေးအတွက် တောင်းဆိုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးကို ပါဝင်ကြရန် ရှေ့ပြေးအသံ(Progressive Voice)မှ ယနေ့ ဧပြီလ ၂၀ရက်နေ့တွင် ၎င်း၏ Facebook လူမှုစာမျက်နှာ၌ ဖိတ်ခေါ်ထားကြောင်းတွေ့ရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးပွဲကို ယခုလာမည့် ဧပြီလ၂၂ ရက်နေ့တွင် အရှေ့တောင် အာရှ လူထုလူမှု အဖွဲ့ အစည်းများပါဝင်၍ ကျင်းပသွားမည်ဖြစ်ပြီး စစ်အုပ်စု၏ လုပ်ရပ်များအပေါ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝိုင်းဝန်း ငြင်းပယ်နိုင်ရေး တောင်းဆိုသွားမည်ဖြစ်ပြီး လူတိုင်းပါဝင်သွားရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

၎င်း ထိပ်သီး အစည်းအဝေးပွဲကို မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် လာမည့် ဧပြီလ (၂၄)တွင် ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ မြန်မာနိုင်ငံ အထူး ထိပ်သီးအစည်းအဝေး မတိုင်မီ ကျင်းပခြင်းဖြစ်သည်။

ထိပ်သီးအစည်းအဝေးပွဲကို ဧပြီလ ၂၂ရက်နေ့၏ ထိုင်းနိုင်ငံ(ဘန်ကောက်မြို့) နှင့် အင်ဒိုနီးရှားနိုင်ငံ(ဂျကာတာ)မြို့၏ စံတော်ချိန်ဖြစ်သည့် ၉ နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းမတိုင်မီ အစည်းအဝေးတွင် ပါဝင်ရန် အမည် စာရင်းသွင်းခြင်းနှင့် တောင်းဆိုမှုတွင် ပါဝင်နိုင်ရန်အတွက်လည်း ရှေ့ပြေးအသံ၏ ဖေ့စ်ဘွတ် စာမျက်နှာ ဖြစ်သည့် (Progressive Voice) တွင် ဖော်ပြပါ လင့်ခ် (http:// bit.ly/SEAPeoplesSummit2021) ကို နှိပ်၍ ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။

အာရှ လူထု စည်းရုံးလှုံ့ဆော်ရေးအတွက် သွေးစည်းညီညွတ်ရေး(SAPA)နှင့် ၎င်း၏ မဟာမိတ် အဖွဲ့အစည်းများ ဖြစ်သည် ရှေ့ပြေးအသံ၊ စင်ပြိုင်အာဆီယံ-မြန်မာ(ALTESEAN Burma)၊ FORUM ASIA၊ အာဆီယံ ဆိုဂျီ ကောကပ်စ်(ASEAN SOGIE Caucus)၊ အာဆီယံလူငယ်ဖိုရမ်(ASEAN Youth Forum)၊ အာရှပစိဖိတ် ဒုက္ခသည် အခွင့်အရေး ကွန်ယက်(The Asia Pacific Refugee Rights Network-APRRN)၊ နိုင်ငံတကာတွေ့ဆုံဆွေးနွေး ရေး အစပျိုးလုပ်ဆောင်မှု(IID) နှင့် SHAPE-SEA တို့မှ ပူးပေါင်းပါဝင်၍ အဆိုပါ ထိပ်သီးအစည်းအဝေး ပွဲကို ပြုလုပ်သွားမည်ဖြစ်သည်။

၎င်း ထိပ်သီးအစည်းအဝေးပွဲတွင် အဓိက ပြောဆို ဆွေးနွေးသွားမည့်သူများအနေဖြင့် ရှေ့ပြေးအသံ တည်ထောင်သူ မခင်ဥမ္မာ၊ လက်ရှိဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ (NUG)မှ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူစဲန်နာလှလှစိုး၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဝေဝေနု၊ မီမီခန့်(Milk Tea Alliance)၊ ခင်စန္ဒာ(GSCC) နှင့် မြန်မာ့အရေး စိတ်ဝင်စားသူများဖြစ်သည့် Debbie Stothard(Altsean)၊ Jose Ramos Horta (Timor Leste)၊ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ အဖွဲ့ဝင် Marzuki Darusman တို့အဓိက ပါဝင်ပြောဆိုသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရေး ဆွေးနွေးပြောဆိုရန် လာမည့် ဧပြီလ ၂၄ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမြို့ တွင် အာဆီယံ အထူးထိပ်သီး ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်သွားမည်ဟု သိရသည်။


Karen Information Center -KIC

https://www.facebook.com/KICNewsPage

မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးပွဲတွင်ပါဝင်ကြရန် ဖိတ်ခေါ် မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ ပြည်သူများ ထိပ်သီးအစည်းအဝေးပွဲတွင်ပါဝင်ကြရန် ဖိတ်ခေါ် Reviewed by THITHTOOLWIN on 20:09 Rating: 5

No comments:

Powered by Blogger.