နိုင်ကျဉ်းဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ စုစုပေါင်း ကိုးယောက် ဖမ်းဆီးခံရ


နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်း က သူရိန်အလူမီနီယံလုပ်ငန်းပိုင်ရှင် ဒေါ်နီနီ အပါအဝင် သူ့ဆိုင်က အလုပ်သမားတွေ၊ စုစုပေါင်း ကိုးယောက်ကို ဒီနေ့နေ့လယ်မှာ စစ်တပ်က ဖမ်းသွားပါတယ်။

မနက် ၁၁ နာရီကျော်လောက်မှာ သူရိန်အလူမီနီယံဆိုင်ကို စစ်တပ်က ဝိုင်းလိုက်ပြီး ရှာဖွေသလို မွန်းလွဲပိုင်း မှာတော့ အဲဒီလူတွေကို ကားပေါ်ခေါ်တင်သွားတယ်လို့ မျက်မြင်တွေကပြောပါတယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသမီး အနည်းဆုံး လေးယောက်ပါတယ်လို့သိရပါတယ်။

အဲဒီနောက် မုန့်ပုံးအရွယ်လောက်ရှိတဲ့ပစ္စည်းတစ်ခုကို လမ်းမပေါ်မှာ သဲအိတ်တွေနဲ့ကာလိုက်ပြီး၊ စစ်တပ်က မိုင်းရှင်းတဲ့ဝတ်စုံတွေနဲ့ လူတချို့က ဖောက်ခွဲလိုက်တယ်လို့ ပြောပါတယ်။

အခုကိစ္စမှာ ဘာကြောင့်ဖမ်းတာလဲဆိုတာ အသေးစိပ်မသိရသေးသလို၊ ဘယ်ကိုခေါ်သွားလဲဆိုတာ မသိရ သေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/soldiers-arrested-nine-people-04202021060000.html

နိုင်ကျဉ်းဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ စုစုပေါင်း ကိုးယောက် ဖမ်းဆီးခံရ  နိုင်ကျဉ်းဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ စုစုပေါင်း ကိုးယောက် ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.