မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ

CDM လုပ်နေသူ ဝန်ထမ်းတွေနေထိုင်နေတဲ့ မန္တလေးတိုင်း မြစ်ငယ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မြို့ ခံတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

CDM လုပ်တဲ့ ဝန်ထမ်းတွေအတွက် လှူထားတဲ့ပစ္စည်းတွေကိုစစ်တပ်ဘက်က လာသိမ်းဖို့ ကြိုးစားရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ အခင်းဖြစ်နေတဲ့နေရာမှာ ဒဏ်ရာရသူတွေ အကူအညီပေးခဲ့တဲ့ ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

" စဖြစ်တဲ့အချိန်ကညနေ၅နာရီကျော်လောက်။ နေရာကတော့ ကျောင်းသစ်ကျောင်း သာယာအေးရပ်ကွက်မှာ။ စစ်တပ်ကလူတွေနဲ့ အတူပါလာတဲ့အိမ်စီးကားက လာဝိုင်းတဲ့ သူတွေကို စတိုက်တာ။ ကားတိုက်ခံရလို့ တစ်ယောက် ဒဏ်ရာရသွားတာရှိပေမယ့် ဒဏ်ရာကတော့ သိပ်မပြင်းထန်ပါဘူး။အဲ့လိုတိုက်ခံရတဲ့အတွက် အနီးအနားက လူတွေက ဝိုင်းလာကြတဲ့အချိန်မှာ သူတို့က စပစ်တာလို့" သူက အတည်ပြုခဲ့ပါတယ်။

အဲဒီ ဖြစ်စဥ်မှာ သေဆုံးသူ ၂ ယောက် နဲ့ဒဏ်ရာရသူ အယောက် ၂၀လောက်ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပြီး ဘီဘီစီက ထပ်မံ အတည်ပြုဖို့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာရသူအများအပြားရှိတယ်ဆိုတာကိုသာ အတည်ပြုနိုင်ခဲ့ပြီး သေဆုံးသူကို အခုချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နောက်ဆုံးရရှိတဲ့ သတင်းအရ မြစ်ငယ်မြို့ ပစ်ခတ်မှုကည ၈နာရီထိုးခါနီးမှာ ရပ်သွားတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ မြစ်ငယ်ပစ်ခတ်မှု ဒဏ်ရာရသူတွေရှိ Reviewed by THITHTOOLWIN on 05:41 Rating: 5

No comments:

Powered by Blogger.