သရုပ်ဆောင်ဇဏ်ခီမိသားစုကို နေအိမ်မှာဆက်လက်ထားရှိတယ်လို့ဆို


ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ သရုပ်ဆောင် ဇဏ်ခီမိသားစုကို ဆက်လက်စစ်ဆေးစရာရှိတာကြောင့် နေအိမ်မှာ ဆက်လက်ထားရှိထားတယ်လို့ မြန်မာအသံက ကြေညာပါတယ်။

သရုပ်ဆောင် ဇဏ်ခီ၊ ဇနီးခရစ်စတီးနားခီ အပါအဝင် အသက်မပြည့်သေးတဲ့ သားဖြစ်သူနဲ့ အိမ်အကူအမျိုးသမီးတို့ရဲ့ ရုပ်ပုံတွေကို ရုပ်မြင်သံကြားကနေတဆင့် ပြသခဲ့ပြီး လိုအပ်သလို ဆက်လက်စိစစ်နိုင်ဖို့အတွက် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင်းက နေအိမ်မှာပဲ ဆက်လက်ထားရှိထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ဇဏ်ခီတို့မိသားစုကို ဘာကြောင့် ခေါ်ယူစစ်ဆေးတယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ကြေညာသွားတာ မရှိပါဘူး။

သူတို့မိသားစုဟာ ဧပြီလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာဖို့ ပြင်ဆင်နေစဉ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ် လူတစုက လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

သရုပ်ဆောင်ဇဏ်ခီမိသားစုကို နေအိမ်မှာဆက်လက်ထားရှိတယ်လို့ဆို  သရုပ်ဆောင်ဇဏ်ခီမိသားစုကို နေအိမ်မှာဆက်လက်ထားရှိတယ်လို့ဆို Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.