မုံရွာတွင် နံနက်ပိုင်း ပေါက်ကွဲမှုထပ်ဖြစ်


ဓာတ်ပုံ-ယနေ့နံနက် ကျောက္ကာလမ်းပေါက်ကွဲမှုအား ဒေသခံတစ်ဦးမှတ်တမ်းယူထားစဉ်

မုံရွာ၊ဧပြီ-၁၄

မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်းကပေါက်ကွဲမှုထပ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ကျောက္ကာလမ်း ဆုံဆည်းရာ လက်ဖက်ရည်ဆိုင်အနီး မိုးကောင်းဘုရားရှေ့ လမ်းဘေးတမာပင်တွင်တစ်ကြိမ်၊မုံရွာ-မန္တလေးကားလမ်းမြို့ဝင်ဂိတ်အနီးတွင်တစ်ကြိမ်ဖြစ်ပွားသည်။

ယမန်နေ့ (ဧပြီ-၁၃)ကလည်း  မုံရွာတတက္ကသိုလ်ရှေ့တွင် တစ်ကြိမ်၊ ညပိုင်း ၆နာရီကျော်က ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်အနီးနှင့်နန္ဒဝန်ရပ်အေးရိပ်သာလမ်းတို့တွင်တစ်ကြိမ်စီ ဖြစ်ခဲ့သည်။

မြို့တွင်းပေါက်ကွဲမှုများတွင် ထိခိုက်ဒဏ်ရာရသူမရှိဟု သိရပြီး မြို့ပြင်တွင်မှု တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသည်ဟု ကနဦးသတင်းရရှိသည်။

အ​ဆိုပါနေရာများတွင် အတားအဆီးများချ၍ ရဲနှင့်စစ်တပ်မှစောင့်ကြည့်မှုများရှိနေသည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာတွင် နံနက်ပိုင်း ပေါက်ကွဲမှုထပ်ဖြစ် မုံရွာတွင် နံနက်ပိုင်း ပေါက်ကွဲမှုထပ်ဖြစ် Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.