ကျွန်းတောလမ်း ကားမီးလောင်တာကို ရဲတွေလာစစ်



ရန်ကုန်မြို့ စမ်းချောင်း ကျွန်းတောလမ်းနဲ့ မဟာမြိုင်လမ်းထောင့်မှာ ရပ်ထားတဲ့ ကားတစ်စီး ဒီနေ့ ဧပြီလ ၁၈ ရက် နေ့လယ် ၃ နာရီကျော်လောက်က ရပ်ထားစဥ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ကျွန်းတောလမ်းမှာနေထိုင် မျက်မြင်တွေ့ရှိသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပေါက်ကွဲသံတွေဟာ ကားတာယာနဲ့ ဆီတိုင်ကီတွေက ပေါက်ကွဲတာလို့ယူဆရပြီးတော့ မီးလောင်ပေါက်ကွဲ မှုဖြစ်ပြီးနောက် မီးသတ်တပ်ဖွဲ့က လာရောက်ငြိမ်းသတ်ခဲ့တယ်လို့သိရပါတယ်။

ကားဟာ လင်ခရုဇာ အမျိုးစားလို့ သိရပြီး ကားမီးငြိမ်းသတ်ပြီးချိန်မှာ ကားပေါ်က ကျန်တဲ့ ပစ္စည်းတွေကို အဆိုတော် ယုန်လေးနေထိုင်တဲ့ တိုက်ခန်းဘက် ကို ရဲတပ်ဖွဲ့ဝင်တွေက သယ်ယူပေးနေတာကို တွေ့ရတယ်လို့လည်းသူကပြောပါတယ်။

ဒီကားဟာ အဆိုတော် ယုန်လေးရဲ့ ကားလို့ စမ်းချောင်းရပ်ကွက်ကလူတွေက ပြောပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရဲတပ်ဖွဲ့က ကားမီးလောင်မှုဖြစ်တဲ့နေရာကို ရောက်လာပြီး အနီးအနား ပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်တာတွေ့ရတယ်လို့လည်း ကျွန်းတောလမ်းမှာနေထိုင်သူတစ်ဦးကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ကျွန်းတောလမ်း ကားမီးလောင်တာကို ရဲတွေလာစစ်  ကျွန်းတောလမ်း ကားမီးလောင်တာကို ရဲတွေလာစစ် Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.