သာစည်လမ်းဖြိုခွင်းမှု ဝေမိုးနိုင်ဖမ်းဆီးခံရ

မုံရွာ၊ ဧပြီ၊ ၁၅

သကြင်္န်အကြတ်နေ့တွင် မုံရွာမြို့ သာစည်လမ်းဆိုင်ကယ်သပိတ်ကို အိမ်စီးကားများဖြင့် လာရောက်ဖြိုခွင်းခဲ့ပြီး ဝေမိုးနိုင်အပါအဝင် လူငယ်အချို့ဖမ်းဆီးခံခဲ့ရသည်ဟု မျက်မြင်များကဆိုသည်။ 

" ဆိုင်ကယ်လဲသွားပြီး ခြေလျင်ထွက်ပြေးတာတွေ့လိုက်တယ် လွတ်မလွတ်တော့မသိဘူး အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေနဲ့ လိုက်တိုက်ပြီး ဖမ်းတာပါ” ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ 

မုံရွာဂေဇက်အနေဖြင့် ပတ်ဝန်းကျင်ကို မေးမြန်းခဲ့ရာဖမ်းဆီးခံလိုက်ရသူသည် ဝေမိုးနိုင်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။


Monywa Gazette

https://www.facebook.com/monywagazette/

သာစည်လမ်းဖြိုခွင်းမှု ဝေမိုးနိုင်ဖမ်းဆီးခံရ သာစည်လမ်းဖြိုခွင်းမှု ဝေမိုးနိုင်ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 20:12 Rating: 5

No comments:

Powered by Blogger.