နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းသားသုံးဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းသားသုံးဦးကို စစ်ကောင်စီတပ် ဖမ်းဆီး နိဗ္ဗာန်သုခအသင်း (မန္တလေး) က လူမှုကူညီရေးပရဟိတအသင်းကားကို တွေ့ရစဉ် / Photo: Nibbansukha Association - Mandalay

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဓားထိုးမှုဖြစ်လို့ ဒဏ်ရာရသူကို သွားရောက် ကယ်ဆယ်ပေးတဲ့ နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းကားနဲ့အတူ အသင်းသား သုံးယောက် မနေ့က ဧပြီလ ၁၄ ရက်နေ့ည ၁၀ နာရီကျော်က ၄၁ လမ်း စိန်ပန်းရပ်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

နန်းတွင်းမှာ ဖမ်းဆီးထားတယ်ပြောတယ်၊ အသင်းကတော့ လိုက်ထုတ်ပေးဖို့ ကြိုးစားနေတယ်လို့ ပရဟိတ အသင်းသား တစ်ယောက်က RFA ကို ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကူညီရေး အသင်းကားတွေကိုလည်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး မန္တလေးမြို့မှာ ဒီကနေ့အထိဆိုရင် ပရဟိတလုပ်ဆောင်နေသူ ဆယ်ယောက်ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nibbansukha-association-volunteers-arrested-04152021021102.html 

နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းသားသုံးဦးကို စစ်ကောင်စီတပ် ဖမ်းဆီး နိဗ္ဗာန်သုခ လူမှုကူညီရေးအသင်းသားသုံးဦးကို စစ်ကောင်စီတပ် ဖမ်းဆီး Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.