သြစတြေးလျရောက် မြန်မာတွေကို အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရပြော

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က သြစတြေးလျရောက် မြန်မာတွေ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြနေကြစဉ်

သြစတြေးလျနိုင်ငံမှာ ခေတ္တရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၃၀၀ ကျော်ကို ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကုန်တဲ့အခါ မြန်မာနိုင်ငံကို အတင်းပြန်ခိုင်းမှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရက ပြောပါတယ်။

သြစတြေးလျမှာ ခေတ္တရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ပိုစိတ်ချရတဲ့ အာမခံချက်မျိုးပေးဖို့ တောင်းဆိုမှုတွေ ရှိနေပေမဲ့လည်း သြစတြေးလျအစိုးရအနေနဲ့ လူတိုင်းကို ဗီဇာ သက်တမ်းတိုးပေးတာမျိုး၊ ခိုလှုံခွင့် ကမ်းလှမ်းတာမျိုးတော့ လုပ်မှာမဟုတ်ဘဲ တစ်ဦး တစ်ယောက်ချင်းစီကိုပဲ စစ်ဆေးသုံးသပ်သွားမယ်လို့ သြစတြေးလျ ဂါးဒီးယန်း သတင်းမှာ ဖော်ပြထားပါတယ်။

သြစတြေးမှာ ခေတ္တရောက်ရှိနေတဲ့ ဟောင်ကောင်လူမျိုးတွေကို မနှစ်က ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့အပြီး ပြည်ဝင်ခွင့်ဗီဇာသက်တမ်း တိုးပေးခဲ့တာမျိုးလို မြန်မာတွေအတွက် အလားတူ ဗီဇာသက်တမ်းတိုးပေးဖို့ သြစတြေးလျအစိုးရကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

ဖေဖော်ဝါရီလကုန်မှာ သြစတြေးလျမှာ ခေတ္တနေထိုင်ခွင့် ဗီဇာနဲ့ ရောက်ရှိနေသူ မြန်မာနိုင်ငံသား ၃၃၆၆ ဦး ရှိတယ်လို့ အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။ အဲဒီထဲက တစ်ဝက်လောက်ဟာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

သြစတြေးလျရောက် မြန်မာတွေကို အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရပြော  သြစတြေးလျရောက် မြန်မာတွေကို အတင်းပြန်လွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျအစိုးရပြော Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.