အဆိုတော် ပိုပို ဖမ်းဆီးခံရတယ်လို့ မန်နေဂျာဖြစ်သူက ရေးသား


စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲပြီး ဖမ်းမိန့်ထုတ်ခံထားရတဲ့ အဆိုတော်ပိုပိုကို ဒီနေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၃ နာရီကျော်အချိန်မှာ နေအိမ်ကနေ ဖမ်းဆီးသွားခြင်းခံရတယ်လို့ သူ့ရဲ့ မန်နေဂျာဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

အဆိုတော် ပိုပိုကို ဧပြီလဆန်းပိုင်းမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲထားကြောင်း သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပိုပိုဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို ပုံစံမျိုးစုံနဲ့ ဖော်ပြတဲ့ သပိတ်လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

အဆိုတော် ပိုပို ဖမ်းဆီးခံရတယ်လို့ မန်နေဂျာဖြစ်သူက ရေးသား အဆိုတော် ပိုပို ဖမ်းဆီးခံရတယ်လို့ မန်နေဂျာဖြစ်သူက ရေးသား Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.