ရန်ကင်းမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ပြီးနောက် လူငယ်၁၂ဦးကို ဖမ်းဆီး

ပုံစာ - ရန်ကင်းမြို့နယ် အမှတ်၂ရပ်ကွက် ရန်အောင် ၆လမ်းမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဗုံးပေါက်ကွဲ့ပြီး အသွားလာမရှိတဲ့ပုံ

ရန်ကုန်-ဧပြီ ၁၈-၂၀၂၁

နှစ်ဆန်းတစ်ရက်နေ့ နေ့လယ်ပိုင်းက ရန်ကင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး ဗုံးပေါက်မှုအပြီး ညပိုင်းနဲ့ဒီနေ့မနက်ပိုင်းအထိ ရဲတပ်ဖွဲ့က လူငယ် ၁၂ဦးကို ဖမ်းဆီးခဲ့ပါတယ်။

"ဗုံးပေါက်ပြီးတော့ ညဘက်ဧည့်စာရင်းစစ်သလိုဘာလိုလိုနဲ့ လူငယ်တွေကို ဝင်ဖမ်းတာ တစ်ယောက်မိရင် ရိုက်နှက်ပြီး နောက်တစ်ယောက်ကို ပြခိုင်းတယ်  လူငယ်တွေ တော်တော်ပါသွားတယ်"လို့ အမှတ်၂ရပ်ကွက် နေသူ တယောက်က VOMကို ပြောပါတယ်။

မနေ့က ရန်ကင်းမြို့နယ် အမှတ်၂ရပ်ကွက် ရန်အောင် ၆လမ်းမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဗုံးပေါက်ကွဲ့ခဲ့ရာ အရာခံဗိုလ်တစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရခဲ့လို့ စစ်တပ်နဲ့ ရဲက စုံစမ်းရှာဖွေပြုလုပ်မှုတွေလုပ်ပြီး ဖမ်းတာလို့ အမှတ်၃ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း VOMကို ပြောပါတယ်။

"သူတို့ရှာဖွေ ဖမ်းဆီးတာ ဆန္ဒပြတုန်းက ခံတပ်မှာပါတဲ့ကလေးတွေကို အဓိကထားပြီး ဖမ်းတာ ကျန်တာ မဟုတ်ဘူး" လို့ရှင်းပြပါတယ်။

ရန်ကင်းအထွေထွေအုပ်ချုပ်ရေးမှုးရုံးဗုံးပေါက်ကွဲပြီးနောက် မနေ့ညပိုင်းနဲ့ ဒီနေ့မနပိုင်းမှာ အမှတ် ၃၊၄၊၅အစရှိတဲ့ ရပ်ကွက်တွေက လူငယ် ၁၂ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးမှု ပေါက်ကွဲမှု အသေးစိတ်သိနိုင်ဖို့ ရန်ကင်းရဲစခန်းကို VOM ကဆက်သွယ်နေဆဲဖြစ်ပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ရန်ကင်းမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ပြီးနောက် လူငယ်၁၂ဦးကို ဖမ်းဆီး ရန်ကင်းမြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ပြီးနောက် လူငယ်၁၂ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.