မယားဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းကို လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ထား


ဧပြီ ၁၉ ၊ ၂၀၂၁

ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် မဟာ ရန်အောင်မြင်စေတီ နဲ့ ခလရ ၂၂၉ အကြား လမ်းဘေးအမှိုက်ပုံအနီးမှာ ဧပြီ ၁၈ မနေ့က မနက်ပိုင်းမှာ ပြတ်ရှ ဓားဒဏ်ရာ အများအပြားနဲ့ အမျိုးသားရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ သိရပါတယ်။

" သေဆုံးနေသူဟာ ခန္တီးမြို့ ဇီးဖြူကုန်း ( နောက်အော်ကုန်း) ရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဦးပါကွေ ဖြစ်တယ် " လို့ ဇီးဖြူကုန်းရပ်ကွက်နေသူက ပြောပါတယ်။

သေဆုံးသူဟာ ညာဘက်ပါးနေရာမှာ ၄ လက်မခန့် ပြတ်ရှဒဏ်ရာ၊ အကြိမ်ကြိမ်ခုတ်ထားသည့် လည်ဂုတ် ပြတ်ရှဒဏ်ရာ၊ ညာဘက်နားရွက် ပြတ်ရှဒဏ်ရာ၊ ဘယ်ဘက် ခြေချောင်း ၃ ချောင်းအရိုးပေါ် အရေပြားပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပါတယ်။

အမှိုက်ပုံပေါ်က ရုပ်အလောင်း တွေ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းအတည်ပြုချက်ရရှိဖို့ ခန္တီးမြို့မရဲစခန်းကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ရဲအရာရှိတစ်ယောက်က "အမှုဖွင့် အရေးယူထားတယ် ၊ (ပ) ၂၀ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ / ၂၀၁ / ၁၁၄ အရ သေဆုံးသူရဲ့ ဇနီးနဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပါဝင်သူ အမျိုးသား တစ်ယောက်ကို ဖမ်းဆီး စစ်ဆေးနေတယ် " လို့ ပြောပါတယ်။

စစ်ဆေးပေါ်ချက်အရ သေဆုံးသူရဲ့ ဇနီးဖြစ်သူက နေအိမ်မီးဖိုဆောင်ထဲမှာ ဓားဖြင့်ခုတ်သတ်ခဲ့ပြီး အလောင်းကို ဖျောက်ဖျက်စွန့်ပစ်တာလို့ သိရပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မယားဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းကို လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ထား မယားဖြစ်သူက ယောကျ်ားဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းကို လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ထား Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.