မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး

မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်ခံတပ် / Photo-CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီနေ့ည ၇ နာရီအချိန်ထိ စစ်ကောင်စီက ပစ်ခတ်နေပြီး သေဆုံးသူ နှစ်ယာက် ရှိတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာ မြင်းခြံမြို့ အမှတ် ၂ ရပ်ကွက်က ကိုကျော်ရဲနိုင် (၂၃ နှစ်)ကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် ဝမ်းဗိုက်ကျည်ထိမှန်သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

"ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာ လူငယ်တစ်ယာက်ကို ဖမ်းတယ်၊ ဖမ်းလို့မရတာနဲ့ သေနတ်နဲ့ ပစ်ဖမ်းတာ၊ ပစ်ပြီးတော့ မသေမရှင်ဖြစ်နေတဲ့သူကို နောက်ပြန်ကြိုးတုပ်ပြီး ထောင်ကြီးရှေ့ကို ဆွဲခေါ်သွားပြီး နှိပ်စက်သတ်ဖြတ်လိုက်တာ၊ အခုထိအလောင်းမရသေးဘူး" လို့ အဲ့ဒီမျက်မြင်တွေ့သူက ပြောပါတယ်။

ဒီနေ့ အရုဏ်မတက်ခင် မနက်အစောပိုင်း ဆန္ဒပြသပိတ်မှာပါတဲ့ ကျောင်းသားလူငယ်တွေ အိမ်ပြန်ချိန်မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် အမှတ် ၉ ရပ်ကွက်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး လက်ကိုကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ကိုကျော်ရဲနိုင် (၂၃ နှစ်) ပစ်သတ်ခံရတာကို မကျေနပ်လို့ ရပ်ကွက်နေပြည်သူတွေဟာ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်ခံတပ်တွင်းကနေ ဒီညနေပိုင်းမှာ ဆန္ဒပြနေကြပြီး အဲ့ဒီဆန္ဒပြနေတဲ့ ခံတပ်ထဲကို စစ်ကောင်စီဘက်က လှမ်းပစ်နေတယ်လို့ RFA က ဖုန်းနဲ့ ဒီည ၇ နာရီအချိန်မှာ ဆက်သွယ်မေးမြန်းခဲ့တဲ့ ဒေသခံက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီက ပစ်ခတ်လို့ တစ်နိုင်ငံလုံးမှာ သေဆုံးရသူ ၇၂၀ ကျော်ရှိပြီဖြစ်ပြီးတော့ မြင်းခြံမှာ ၂၃ ယောက်ရှိသွားပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/myingyan-deaths-myanmar-military-coup-04142021090813.html

မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး မြင်းခြံမှာ ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.