မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ အမျိုးသမီးတစ်ဦး အသတ်ခံရ

ရမ်ပူရပ်ကွက် ဧပြီ ၁၁ ရက်က ဆန္ဒပြ သပိတ်စစ်ကြောင်း

မြစ်ကြီးနားမြို့ ရမ်ပူ ရပ်ကွက် နယ်မြေ ၂၁ ထဲမှာ မနေ့ ဧပြီလ ၁၄ ရက် ည ၈ နာရီ ဝန်းကျင်လောက်က အမျိုးသမီးတဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပါတယ်။

လူမှုကွန်ရက်မှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းဘေးမှာ"ဒလန်သို့သွားရာလမ်း" ဆိုပြီးရေးသားထားတဲ့ ကတ်ထူပြား တစ်ခု ကို တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ အဲဒီ ရပ်ကွက်မှာနေထိုင် အသက် ၄၆ နှစ် အရွယ် ဒေါ်နီနီဝင်း ဖြစ်ကြောင်း ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။ ဘာအကြောင်းနဲ့ သတ်ဖြတ်ခံခဲ့ရတယ် ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်း မရှိပါဘူး။

အဲဒီအမျိုးသမီး အသတ်ခံရမှု ဖြစ်ပြီး ညတွင်းချင်းမှာပဲ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်တဲ့ နေရာကို ရောက်လာပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်လို့ အနီးအနားရှိသူတွေက ပြောပါတယ်။

နောက်ပိုင်းမှာတော့ အသတ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းကို မြစ်ကြီးနားမြို့က နာရေးကူညီရေး လူမှု အဖွဲ့တစ်ခုက ဆေးရုံကို သယ်ဆောင်သွားခဲ့ပါတယ်။

သေဆုံးသူ နေထိုင်ခဲ့တဲ့ အိမ်ငှားတန်းလျားက အခြား နေထိုင်သူအသက် ၁၂ နှစ် နဲ့ ၁၃ နှစ် ရွယ် ကလေး ၂ ယောက် နဲ့ လူကြီး၂ ယောက်ကိုတော့ ရဲတွေက မေးမြန်းစရာရှိလို့ဆိုပြီး အခင်းဖြစ်တဲ့ ညမှာ ပဲခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သူတို့ကို ဧပြီလ ၁၄ ရက်နေ့ ည၈နာရီဝန်ကျင်လောက်က ခေါ်သွားတာဖြစ်ပြီး ဧပြီလ ၁၅ ရက် မနက် ၁၀နာရီခွဲလောက်မှာအိမ်ကို ပြန်လည်ရောက်ရှိလာကြပါတယ်။

လူသတ်မှု တရားခံကိုတော့ အခုအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

သေဆုံးသူက မိသားစုမရှိသူဖြစ်လို့ ဧပြီ ၁၅ ရက် နေ့လယ်ပိုင်းမှာတော့ သူ့ကို ရပ်ကွက်က မြစ်ကြီးနားမြို့ ရာဒါကောင်း သင်္ချိုင်းမှာ သင်္ဂြဟ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ အမျိုးသမီးတစ်ဦး အသတ်ခံရ  မြစ်ကြီးနား ရမ်ပူရပ်ကွက်မှာ အမျိုးသမီးတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.