မြင်းခြံ အေးကျင်းရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်‌မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင်

ဧပြီ ၁၉ -၂၀၂၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှုတွေကြောင့်လူတစ်ဦး သေဆုံးခဲ့တဲ့အပြင် နေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးမကြာခင် လူနေအိမ်အချို့မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကနေ စုံစမ်းသိရပါတယ်။

" မီးလောင်မှုက အေးကျင်းရပ်ကွက်မှာဖြစ်တာပါ။ ပစ်ခတ်မှုတွေကြောင့် မနက်က အမှတ် ၆ရပ်ကွက်က လူတစ်ဦးသေဆုံးခဲ့ပေမယ့် အေးကျင်းမှာ လူသေဆုံးမှုမရှိဘူး။ မီးလောင်မှုကလည်းငြိမ်းပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ ဧပြီ ၁၈ရက်နေ့ညပိုင်းက ‌ဒေသခံတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့ခဲ့ပြီး ပစ် ခတ်မှုတွေကြောင့် လူသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့အပြင် ဒီကနေ့မနက် ၅နာရီကျော်ကတည်းက မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ အတားဆီးတွေကို ရှင်းလင်းဖယ်ရှားချိန် တပ်နဲ့ရဲ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် နေ့လယ်ပိုင်းမှာ အေးကျင်းရပ်ကွက်ကို ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်မှုဟာ မီးရှို့မှုဖြစ်တယ်လို့ဒေသခံတွေက ပြောဆိုနေကြပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ထံ စုံစမ်းမေးမြန်းရာမှာ အခင်းဖြစ်နေရာကိုသွားရောက်မီးငြိမ်းသတ်နေတယ်လို့သာ တာဝန်ရှိသူက ဖြေကြားခဲ့ပါတယ်။


KLY(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မြင်းခြံ အေးကျင်းရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်‌မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင် မြင်းခြံ အေးကျင်းရပ်ကွက်ထဲမှာ တပ်နဲ့ရဲကပစ်ခတ်‌မှုတွေပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်အချို့မီးလောင် Reviewed by THITHTOOLWIN on 19:32 Rating: 5

No comments:

Powered by Blogger.