ကလေးမြို့တွင် အရေးပေါ် လူနာအတွက် အောက်ဆီဂျင်ဗူးယူပြီးပြန်လာသည့်လူငယ် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ ကမ္ဘောဇ ဘဏ် (၂) ရှေ့တွင် ဧပြီလ ၁၃ ရက်နေ့ည ၈း၃၀ အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မကျန်းမာသည့်သူငယ်ချင်း မိခင်အတွက်အောက်ဆီဂျင်ဗူးသွားယူပြီးအိမ်ပြန်လာသည့်ဒေသခံလူငယ် ၁ ဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ထိမှန်ခဲ့သည့်သူမှာ အရေးပေါ်လူနာသူငယ်ချင်း မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်ဗူးပို့ဆောင်ရန်အပြန်လမ်းတွင်  အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ် သောကြောင့် ဝမ်းဗိုက်တွင် ထိမှန်ပြီး စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။ 

သေနတ်အပစ်ခံရသူမှာ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၂) တွင်နေထိုင်သည့်သူဖြစ်ပြီး သေနတ်ပစ်ခံရခြင်းကြောင့် ဝမ်းဗိုက် ညာဖက်ခြမ်း အစာအိိမ်နားကို ထိထားပြီး စကားပြော ဆိုနိုင်ပေမယ့် ရေသောက်ရန် နှင့် အစာစားရန်အတွက် အခက်အခဲဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေတော့မရှိကြောင်း သိရသည်။

မနေ့ည ၈နာရီခွဲနောက်ပိုင်း အချိန်တွင်  တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၂) အနီးနား ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့တွင် အရေးပေါ် လူနာအတွက် အောက်ဆီဂျင်ဗူးယူပြီးပြန်လာသည့်လူငယ် ပစ်ခတ်ခံရ ကလေးမြို့တွင် အရေးပေါ် လူနာအတွက် အောက်ဆီဂျင်ဗူးယူပြီးပြန်လာသည့်လူငယ် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.