ဧပြီလ ၇ ရက်ကတည်းကပျောက်ဆုံးနေတဲ့ဆလိုင်းအီဇကဲလ်အလောင်းပြန်တွေ့

ကလေးမြို့ တာဟန်းပင်မသပိတ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီ (၇)ရက်က ဖြိုခွင်းပြီးတဲ့အချိန်ကတည်းပျောက်ဆုံးနေတဲ့ Salai Ezekiel ကို ကလေးမြို့အနောက်ဘက်က တောင်အောက်နားကသစ်ပင်ပေါ်မှာပြုတ်ကျသေဆုံးနေတာကို  ဒီမနက်မှာတွေ့ရှိရတယ်လို့သိရပါတယ်။

Salai Ezekiel (ဆလိုင်း အီဇာကယ်လ်) ဟာ ကလေးတက္ကသိုလ်မှာ ပထဝီဘာသာနဲ့ တက်ရောက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီးကလေးမြို့မှာစစ်တပ်အာဏာသိမ်းခြင်းကိုဆန့်ကျင်တဲ့လှုပ်ရှားမူစကတည်းကနေပါ၀င်ခဲ့ကာတာဟန်းသပိတ်စခန်းဖြိုခွင်းခံရချန်အထိတက်ကြွစွာပါ၀င်လှုပ်ရှားခဲ့တဲ့လူငယ် ၁ ဦးဖြစ်ပါတယ်။

သူ့အလောင်းကို ဇာတိရွာသို့ ပြန်လည်သယ်ဆောင်ကြပြီလို့သိရပါတယ်။


Chin World

https://www.facebook.com/Chin-World-167011980026853

ဧပြီလ ၇ ရက်ကတည်းကပျောက်ဆုံးနေတဲ့ဆလိုင်းအီဇကဲလ်အလောင်းပြန်တွေ့ ဧပြီလ ၇ ရက်ကတည်းကပျောက်ဆုံးနေတဲ့ဆလိုင်းအီဇကဲလ်အလောင်းပြန်တွေ့ Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.