မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး သတိပေး




ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Mass ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင် ဆန္ဒပြနေကြသူများ၊ မြန်မာ့ တပ်မတော်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်လာရတဲ့ ကရင် စစ်ဘေး ဒုက္ခသည်များ၊ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တချို့။

ဘာလင်၊ ဧပြီ ၅၊ ၂၀၂၁

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas က သတိပေး ပြောကြားကြောင်း DPA သတင်းက ဖော်ပြပါတယ်။ 

“စစ်တပ်က မြန်မာနိုင်ငံကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ဘေးအန္တရာယ်တွေ ကျရောက်စေခဲ့ပါတယ်။ လူပေါင်း ၅၀၀ ကျော် သေဆုံးပြီး လူထောင်ပေါင်း များစွာဟာလည်း အန္တရာယ် ကျရောက်နေ ပါပြီ”လို့ Maas က ဧပြီ ၄ ရက်နေ့ထုတ် Funke မီဒီယာ သတင်းစာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

သက်ဆိုင်သူတွေ အားလုံးက အခုအခါ မြန်မာ စစ်အစိုးရအပေါ် ဖိအား တိုးမြှင့်ဖို့ Mass က တောင်းဆိုခဲ့ပြီး အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ) အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာပြဿနာ ဆွေးနွေးရေး ကမ်းလှမ်းမှုကို လက်ခံဖို့လည်း သူက ပြောကြားပါတယ်။

“ဒေသတွင်းမှာ ဘယ်သူမှ မြန်မာနိုင်ငံပြည်တွင်းစစ်ထဲ ကျရောက်မယ့် ကိစ္စကို စိတ်မဝင်စားနိုင်ကြဘူး ဖြစ်နေတယ်၊ ဒီမိုကရေစီကို ကယ်တင် ဖို့တောင်မှ စိတ်မဝင်စားကြဘူး ဖြစ်နေတယ်” လို့ Maas က ပြောဆိုပါ တယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အဆိုအရ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီး အစိုးရက ဆန္ဒပြမှု တွေကို အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက်ပိုင်း ကလေးသူငယ် ၄၆ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၅၅၀ ခန့် သေဆုံးခဲ့ကြောင်း၊ လတ်တလောမှာ လူ ၂,၇၅၁ ဦးခန့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၂၆ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း လည်း သိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး သတိပေး မြန်မာနိုင်ငံ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး သတိပေး Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.