တရုတ်အတွက် ထိုင်ဝမ်ရဲ့ နောက်ဆုံးပေါ်စစ်သင်္ဘောတဲ့







(၁၃/၄/၂၀၂၁)

တောင်တရုတ်ပင်လယ်စစ်ရေးတင်းမာနေချိန်မှာပဲ ထိုင်ဝမ်က ခေါတ်မှီ စစ်သင်္ဘောတစီးအသစ်ကို ဒီနေ့ ထုတ်ဖေါ်ပြသလိုက်ပါတယ်။ သင်္ဘောရဲ့အမည်ကို ထိုင်ဝမ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Yushan အမည်ကို ဂုဏ်ပြုပေးထားပါတယ်။ 

ကမ်းတက်တိုက်ခိုက်ရေးရော ရေတပ်သယ်ယူပို့ဆောင်ရေးရော ဝေဟင် ရေပြင်ထောက်လှမ်းရေးအတွက်ပါ အသုံးပြုနိုင်မဲ့ စွယ်စုံရ စစ်ရေယာဉ်ဆိုပါတယ်။ ဒေါ်လာသန်း (၂၀၀) နီးပါးကုန်ကျပြီး Taiwan International Shipbuilding (CSBC) ကုမ္ပဏီက ထိုင်ဝမ်မှာပဲ တည်ဆောက်ခဲ့တာပါ။ စစ်သည် (၇၀၀) နီးပါးနဲ့ ကမ်းတက်တိုက်ခိုက်ရေးယာဉ်မျိုးစုံနဲ့ ရဟတ်ယာဉ်တွေတင်ဆောင်နိုင်မှာဖြစ်ပြီး အလျား(၁၅၃) မီတာ ရှိတယ်ဆိုပါတယ်။ 

လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွေနဲ့ အဆင့်မြင့်ထောက်လှမ်းရေးပစ္စည်းတွေလည်းတပ်ဆင်ထားပါတယ်။ ထိုင်ဝမ်ရေတပ်အတွက် ကြီးမားတဲ့အပြောင်းအလဲတခုလို့ဆိုကြပါတယ်။ ဒီကနေ့ပြသပွဲကို ထိုင်ဝမ်သမ္မတကိုယ်တိုင်တက်ရောက်ပါတယ်။ ဘယ်လို ခြိမ်းခြောက်မှုအန္တရယ်မှ ကြောက်စရာမလိုဘူးလို့လည်း အမျိုးသမီးသမ္မတ Tsai Ing-wenက တရုတ်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ 

Yushan စစ်သင်္ဘောကို တပ်တော်ဝင်အခမ်းအနားနဲ့အတူလာမဲ့နှစ်မှာ စတင်တာဝန်ထမ်းဆောင်စေမယ်လို့ ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါသည်။


Burma News Network

https://www.facebook.com/burmanewsnetwork

တရုတ်အတွက် ထိုင်ဝမ်ရဲ့ နောက်ဆုံးပေါ်စစ်သင်္ဘောတဲ့ တရုတ်အတွက် ထိုင်ဝမ်ရဲ့ နောက်ဆုံးပေါ်စစ်သင်္ဘောတဲ့ Reviewed by THITHTOOLWIN on 05:26 Rating: 5

No comments:

Powered by Blogger.