(၁၅/၄/၂၀၂၁)
ဒီကနေ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးရာမှာ အသုံးပြုခဲ့တဲ့ကားဟာ လိုင်စင်မဲ့ ကားဖြစ်တယ်လို့ ကားလိုင်စင်နံပါတ်ကျွမ်းကျင်သူတွေကပြောပါတယ်။ လိုင်စင်မဲ့ကားကို တခြားအိမ်စီးကားတစီးရဲ့နံပါတ်ကို ယူပြီးတပ်ထားတယ်ဆိုပါတယ်။ ကားနံပါတ်နဲ့ အမျိုးအစားကို စစ်ဆေးရာမှာ မတူညီဘူးလို့ သူတို့ကပြောပါတယ်။ မူရင်းနံပါတ်အစစ်နဲ့ကားက Toyota Noah AZR60 ဖြစ်နေပီး အခု ကိုဝေမိုးနိုင်ကို တိုက်ပီးဖမ်းသွားတဲ့ကားက Kluger ဖြစ်နေတယ်ဆိုပါတယ်။ နံပါတ်တူပြီး အမျိုးအစားမတူတဲ့အတွက် လိုင်စင်မဲ့ကားတွေကို တခြားကားနံပါတ်တွေတပ်ပြီး သုံးနေပြီလို့ မှတ်ချက်ချကြပါတယ်။
လူသတ်မှု လုယက်မှု တွေကျူးလွန်နေတဲ့ တရားမဝင်စစ်ကောင်စီဟာ တရားမဝင်လိုင်စင်မဲ့ကားတွေကိုပါ အသုံးချနေပြီလို့ ကားလိုင်စင်ကျွမ်းကျင်သူတွေက သတိပေးပြောပါတယ်။
Burma News Network
https://www.facebook.com/burmanewsnetwork

No comments:
Post a Comment