ပဲခူးဆင်ဖြူကွင်းသုဿန်မှ နွေဦးတော်လှန်ရေးသူရဲကောင်းဗိမာန်အားမနက်ဖြန်အပြီးဖျက်ပေးရမည်ဟုဆို






ပဲခူး ဧပြီ ၁၈ ။

ပဲခူးဆင်ဖြူကွင်းသုဿန်မှ နွေဦးတော်လှန်ရေးသူရဲကောင်းဗိမာန်အားမနက်ဖြန်အပြီးဖျက်ပေးရမည်ဟု ယနေ့ ပဲခူးပရဟိတ နာရေးကူညီမှုအသင်း ၁၇ သင်းအား‌ ပဲခူးတစကမှခေါ်ယူတွေ့ဆုံပြောကြားသည်ဟု သွားရောက်တွေ့ဆုံသည့် ပရဟိတအသင်းများမှပြောကြားသည်။

ဆင်ဖြူကွင်းမှ နွေဦးတော်လှန်ရေးကျဆုံးအုတ်ဂူများအား နေရာရွေ့ရန်၊တဆက်တစပ်တည်းမထားရန်၊နွေဦးတော်လှန်ရေးစာလုံးပါကမ္ဗည်းများအားဖျက်ရန်၊(ဂူ-၇လုံးအား အခြားနေရာရွေ့ရန်) လူနာတင်ယာဥ်များအားနိုင်ငံရေးနှင့်ပတ်သက်လူနာများကိစ္စ မပါဝင်ရန်၊ လိုင်စင်မရှိထားသောလူနာတင်ယာဥ်များမထွက်ရန်၊ အုတ်ဂူဖျက် ရွေ့ပြောင်းကိစ္စများအား မနက်ဖြန်အပြီး တာဝန်ယူလုပ်ဆောင်ရန်အမိန့်ပေးညွှန်ကြားဟုသွားရောက်တွေ့ဆုံသည့်အမည်မဖော်လိုသူပရဟိတအသင်းတစ်ခု၏တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဖယ်ရှားရှင်းလင်းပေးရမယ်တဲ့မရှင်းလင်းပေးရင် သုဿန်ကတာဝန်ရှိသူနဲ့ ပရဟိတဦးဆောင်သူကိုအရေးယူမယ်လို့ပြောတယ်ဟု ၎င်းကပြောကြားသည်။

ပဲဲခူးပရဟိတအသင်း(၅၇)သင်းအနက်အသင်း(၁၇)သင်းအားရွေးချယ်၍ တိုင်းရုံးတွင် စကစ မှ ယနေ့နေ့လယ်တွေ့ဆုံခဲ့သော်လည်းအသင်းအချို့မတက်ရောက်ဟုသိရသည်။

ညွှန်ကြားချက်အားလိုက်နာမည်ဟုတက်ရောက်ခဲ့သည့် ပရဟိတအသင်းဥက္ကဌများမှသဘောတူခဲ့သည်ဟု တက်ရောက်သူတစ်ဦးထံမှသိရသည်။

ပဲခူးဆင်ဖြူကွင်းသုဿန်တွင် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော်သူရဲကောင်းများအားတစ်စုတည်းအုတ်ဂူများဖြင့်သူရဲကောင်းဗိမာန်အဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ပဲခူးဆင်ဖြူကွင်းသုဿန်မှ နွေဦးတော်လှန်ရေးသူရဲကောင်းဗိမာန်အားမနက်ဖြန်အပြီးဖျက်ပေးရမည်ဟုဆို ပဲခူးဆင်ဖြူကွင်းသုဿန်မှ နွေဦးတော်လှန်ရေးသူရဲကောင်းဗိမာန်အားမနက်ဖြန်အပြီးဖျက်ပေးရမည်ဟုဆို Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.