ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက်

 ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက်

ဂျာကာတာမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မတက်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆုံးဖြတ်လိုက်ပြီး ထိုင်းနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးကိုပဲ စေလွှတ်တော့မယ်လို့ အစိုးရသတင်းရပ်ကွက်တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးကြမယ့် အဲဒီ ထိပ်သီးဆွေးနွေးပွဲကို ဝန်ကြီးချုပ်က ကိုယ်တိုင် မသွားဘဲ ဒုဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါင် ပရာမွတ်ဝိနိုင် ကိုသာ စေလွှတ်ဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့တာလဲ ဆိုတာကိုတော့ အဲဒီသတင်းရပ်ကွက်က အသေးစိတ် မပြောပြခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး အခြေအနေတွေ ဆိုးဝါးလာနေတာနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က ထုတ်ဖော်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သောကြာနေ့က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီထိပ်သီးဆွေးနွေးပွဲမှာ သူတို့ကို တက်ရောက်ခွင့် ပေးဖို့ အာဆီယံအဖွဲ့ကို တိုက်တွန်းထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက်  ဂျာကာတာမြို့ အာဆီယံ အထူးဆွေးနွေးပွဲ ထိုင်းဝန်ကြီးချုပ် မတက် Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.