ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဂျပန် သတင်းထောက်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့

ဓာတ်ပုံ - Kyodo ၊ အင်တာနက် စာမျက်နှာများ

ရန်ကုန်၊ ဧပြီ ၁၉၊ ၂၀၂၁

ရန်ကုန်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဂျပန် အလွတ်သတင်းထောက် ၁ ဦးကို အကျဉ်းထောင်ဆီ ပြောင်းရွှေ့ ထိန်းသိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက ဧပြီ ၁၉ ရက်နေ့မှာ ပြောကြားတယ်လို့ Kyodo သတင်း ဌာနက ဖော်ပြပါတယ်။

ရန်ကုန်မှာနေထိုင်တဲ့ တိုကျိုအခြေစိုက် Nikkei စီးပွားရေးနေ့စဉ် သတင်းထောက်ဟောင်း Yuri Kitazumi ဆိုသူကို သူ့ရဲ့ နေအိမ်ကနေ ဧပြီ ၁၈ ရက်နေ့ညက ရဲတပ်ဖွဲ့က မော်တော်ယာဉ်နဲ့ ခေါ်ဆောင်သွားတာ လို့ ဒေသခံ မီဒီယာတွေကလည်း ဖော်ပြပါတယ်။

ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က Yuri Kitazumi ကို ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး ဂျပန်သံရုံးက အချက်အလက်တွေ ကို ရှာဖွေနေတယ်လို့ ဧပြီ ၁၉ ရက်မှာ ပြောကြားပါတယ်။

“ဂျပန် နိုင်ငံသားတွေကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့လည်း Suga က သတင်းထောက် တွေကို ပြောကြားခဲ့ ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ အလွတ်တန်း သတင်းထောက် Yuri Kitazumi ကို ဖေဖော်ဝါရီ ၂၆ ရက်က အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြစဉ်က လည်း လုံခြုံရေးတပ်ဖွဲ့တွေက ခေတ္တထိန်းသိမ်းထားခဲ့ပါသေးတယ်။

သူရဲ့သတင်းတွေကို ဂျပန်မီဒီယာတွေက ဖော်ပြခဲ့ကြပြီး သူကိုယ်တိုင် ကလည်း မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး လူမှုမီဒီယာမှာ ပို့စ် တွေတင်ခဲ့ကြောင်း သတင်းက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ကစပြီး အဖမ်းခံရတဲ့ သတင်းထောက် ၇၁ ဦးရှိပြီဖြစ်ပြီး ထက်ဝက်ကျော်ဟာ အခုအထိ အဖမ်း ခံနေရဆဲပဲလို့ ကုလသမဂ္ဂကလည်း ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။




Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဂျပန် သတင်းထောက်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဂျပန် သတင်းထောက်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.