မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး

မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး မိုးမောက်မြို့နယ်ကို ကျရောက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်ခုကို တွေ့ရစဉ် / Photo: Kachin Wave

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲဖြစ်ရာမှာ၊ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၈၃ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် Kachin Waves အဖွဲ့က ဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဘွားအိုရဲ့ နာမည်အတိအကျကိုတော့ Kachin Waves အဖွဲ့က ဖေါ်ပြထားတာ မတွေ့ရပါဘူး။

ဧပြီလ ၁၂ ရက် မနက်အစောပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်စဉ် ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီဟက်ရွာက အဘွားအိုရဲ့နေအိမ်ပေါ် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ကျရောက်ထိမှန်ပြီး သေဆုံးခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အခုသေဆုံးတဲ့ အဘွားအိုရဲ့ အိမ်အနီးတဝိုက်နဲ့ တခြားဒေသခံတွေရဲ့ အိမ်အနီးတဝိုက်မှာလည်း မပေါက်ကွဲ သေးတဲ့ လက်နက်ကြီးကျည်ဆန်တွေကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၂ ရက်နေ့က ပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်တစ်ခုတည်းမှာတင် အသက် ၈၃ နှစ်အရွယ် အဘွားအို အပါအဝင်၊ စုစုပေါင်း အရပ်သား သုံးယောက် သေဆုံးခဲ့ပြီး၊ ဘုန်းကြီးတစ်ပါးလည်း သေနတ်ထိမှန် ဒဏ်ရာရ ခဲ့ကြောင်း Kachin Waves အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/old-woman-shot-dead-in-momauk-04132021034135.html

မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး  မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.