မြန်မာသံအမတ်ဟောင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ဆွေမျိုးတွေ တိမ်းရှောင်နေရတယ်လို့ ဆို

မြန်မာသံရုံးကို စစ်သံမှူးနဲ့အဖွဲ့ ဝင်ရောက်သိမ်းပိုက်ခဲ့အပြီး စစ်ကောင်စီက သံအမတ် ဦးကျော်စွာမင်းကို တာဝန်ကနေ ရပ်စဲလိုက်

တာဝန်ကနေ ရပ်စဲခံလိုက်ရတဲ့ ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူ့ရဲ့မိသားစု၊ ဆွေမျိုးမိတ်ဆွေတွေ သူ့ကြောင့် တိမ်းရှောင်နေရတယ်လို့ ပြောကြောင်း ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။

သူကိုယ်တိုင်လည်း လန်ဒန်မြို့ မြောက်ပိုင်းက သံအမတ်အိမ်မှာ နေနေရတာ လုံခြုံမှု မရှိတော့ဘူးလို့ ခံစားမိတယ်လို့ ဆိုပါတယ်။ သူ့ကို လာမယ့် ဧပြီလ ၁၅ရက် မတိုင်ခင် သံအမတ်အိမ်ကနေ ဆင်းခိုင်းတဲ့စာကို သံရုံးက လူတွေ လာပေးခဲ့အပြီး ရဲကို အကြောင်းကြားခဲ့တယ်လို့ ဦးကျော်စွာမင်းက ပြောပါတယ်။

တကယ်လို့ သူ့အိမ်ထဲ အတင်းဝင်ပြီး နှင်ချတာတွေ လုပ်လာမယ်ဆိုရင် ဗြိတိသျှရဲတွေအနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုတာကို ဗြိတိန် နိုင်ငံခြားရေးရုံးက သူ့ကို ပြောထားတယ်လို့ ဆိုပါတယ်။

သူ လန်ဒန်မြို့မှာ နေဖို့အတွက် ဗြိတိသျှ အစိုးရတာဝန်ရှိသူတွေက ဘယ်လို ထောက်ပံ့ကူညီမှုတွေ လုပ်မလဲ ဆိုတာကို သူခုချိန်ထိ စောင့်နေဆဲပဲ လို့လည်း ပြောသွားပါတယ်။

“ယူကေအစိုးရ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာကို လူတွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။ မြန်မာစစ်တပ်ဆီကနေ သင်ခန်းစာ ရခဲ့ပါပြီ။ အခုတော့ စစ်တပ်ကို သင်ခန်းစာ ပြန်ပေးရမယ့် အချိန် ရောက်ပါပြီ။ ယူကေအစိုးရအနေနဲ့ သူတို့ရဲ့ အစွမ်းကို ပြဖို့ လိုပါတယ်” လို့ ဦးကျော်စွာမင်းက ပြောကြောင်း ဂါဒီယန်းသတင်းစာမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာသံအမတ်ဟောင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ဆွေမျိုးတွေ တိမ်းရှောင်နေရတယ်လို့ ဆို  မြန်မာသံအမတ်ဟောင်းကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစု ဆွေမျိုးတွေ တိမ်းရှောင်နေရတယ်လို့ ဆို Reviewed by THITHTOOLWIN on 05:51 Rating: 5

No comments:

Powered by Blogger.