ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း ထိန်းသိမ်းခံရ 14 ဧၿပီ၊ 2021

ဦးအောင်လှထွန်း ( ပြန်ကြားရေးဒုဝန်ကြီး)

NLD အစိုးရလက်ထက်က ပြန်ကြားရှေးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကို အင်္ဂါနေ့မနက် ၁၀ နာရီခွဲမှာ ရန်ကုန်မြို့နေအိမ်ကနေ အရပ်ဝတ်နဲ့ စစ်ဘက် ရဲဘက် ယူနီဖောင်း ဝတ်ထားသူတွေ ခေါ်ဆောင်သွားခဲ့ပါတယ်။

လာခေါ်စဉ်က ဖမ်းဝရမ်းတစုံတရာမပါဘဲ မေးစရာရှိလို့ လာခေါ်တာဖြစ်ကြောင်း ပြောသွားတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ မိသားစုက လိုအပ်တဲ့ ဆေးဝါးတွွေနဲ့ သုံးလေးရက်စာ အဝတ်အစား ထည့်ပေးလိုက်တယ်လို့လဲသိရပါတယ်။

အခုသတင်းရေးချိန်အထိတော့ ပြန်မရောက်လာသေးဘူးလို့ နီးစပ်သူကပြောပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/u-aung-hla-htun-deputy-information-minister-detained-by-military/5852803.html

ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း ထိန်းသိမ်းခံရ 14 ဧၿပီ၊ 2021 ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်း ထိန်းသိမ်းခံရ  14 ဧၿပီ၊ 2021 Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.