စစ်တပ်နှင့် ဆက်နွှယ်သည့် ဆောက်လုပ်ရေးဖော်ဆောင်သူကုမ္ပဏီအပေါ် SGX ၏ စုံးစမ်းစိစစ်မှုကို Justice For Myanmar က တုန့်ပြန်


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်။ မြန်မာနိုင်ငံ။ Emerging Towns and Cities Singapore Co. Ltd. (ETC) နှင့် စပ်လျဉ်း၍  Justice For Myanmar ၏ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် အစီရင်ခံစာအပေါ်  စင်ကာပူ စတော့အိတ်ချိန်း (SGX) ၏  အလျင်အမြန် တုန့်ပြန်လာမှုကို  Justice For Myanmar က ကြိုဆိုပါသည်။  ETC သည် စင်ကာပူ စတော့အိတ်ချိန်း (SGX)  ကို အသုံးပြု၍ မြန်မာစစ်တပ် တပ်ထောက်ချုပ်ရုံးအတွက် သန်းနှင့်ချီ၍ ငွေကြေးရှာဖွေပေးနေပါသည်။  စစ်ထောက်ချုပ်ရုံးသည် လူမျိုး တုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုကို ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအပါအဝင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် အသုံးပြုသော လက်နက်ခဲယမ်းများဝယ်ယူရန် တာဝန်ရှိ သည့် ရုံးဖြစ်သည်။ SGX သည် Justice For Myanmar ၏ အစီရင်ခံစာကို တုန့်ပြန်ရန်နှင့် စည်းမျဉ်းများ၊ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို လိုက်နာလျက် စာရင်းတွင် ဆက်လက်တည်ရှိရန် သင့်လျော်ကြောင်း ပြသရန် ETC ကို ညွှန်ကြားထားပြီးဖြစ်သည်။  SGX ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ အရေးယူဆောင်ရွက်ချက် များတွင် ETC ၏ “နေရာအဆိုပြုထားမှုနှင့် အခြားသော ငွေကြေးရှာဖွေမှု လုပ်ဆောင်ချက် အားလုံးကို” ရပ်ဆိုင်းထားရန် ပါရှိသည်။ 

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “SCG က မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တိုက်ရိုက်ငွေကြေးထောက်ပံ့နေတဲ့ ETC ကို စုံစမ်းစီစစ်မှု  လုပ်ဖို့ အရေးပါတဲ့ ခြေလှမ်းကို လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အစီရင်ခံစာကို တုန့်ပြန်သည့်အနေဖြင့် ဒီ လုပ်ထုံး လုပ်နည်းဆိုင်ရာ အရေးယူမှုတွေကို ကျွန်မတို့ ကြိုဆိုပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က အကြံပြုထားတဲ့အတိုင်း မြန်မာစစ်တပ်နဲ့ သူတို့ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေ နဲ့ စီးပွား ကူးသန်းမှု ဆက်ဆံရေးတွေ အားလုံးကို ရပ်ဆိုင်းရပါမယ်။ စစ်တပ်ကို အရပ်သား ထိန်းချုပ်မှုအောက်မှာထားရှိပြီး ဖက်ဒရယ်စနစ်မှ တဆင့် ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ မြန်မာစစ်တပ်ကို အံတုရာမှာ အခိုင်အမာ ညီညီညွတ်ညွတ်ရပ်တည်နေတဲ့ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို ဘဏ္ဍာငွေ ထောက်ပံ့ခြင်းဟာ  ရက်စက်ပြီး အကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေကို အားပေးအားမြောက်ဖြစ်စေပါတယ်။ ဒီနေ့ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့ အချိန်ကစလို့ သတင်းသမားတွေ၊ ကလေးတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုပ်ဖော်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အုပ်စုရဲ့ အကြမ်းအဖက်ဆုံး ရက်တွေထဲက တစ်ရက်ဖြစ်ပါတယ်။ ကျူးလွန်သူတွေကို သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု ရှိစေရပါမယ်။” 

အယ်ဒီတာများအတွက် မှတ်ချက်။ 

ဤနေရာတွင် ETC အပေါ် Justice For Myanmar ရဲ့ အစီရင်ခံစာကို ကြည့်နိုင်ပါတယ်။  https://www.justiceformyanmar.org/.../singapore-stock... 

SGX ၏ ကြီးကြပ်အရေးယူမှု အသေးစိတ်ကို https://links.sgx.com/.../3b1cfbf8eae7b1090e4375c351f43a5...   တွင် ကြည့်ပါ။ 

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။ 


Justice For Myanmar

https://www.facebook.com/justiceformyanmar.org

စစ်တပ်နှင့် ဆက်နွှယ်သည့် ဆောက်လုပ်ရေးဖော်ဆောင်သူကုမ္ပဏီအပေါ် SGX ၏ စုံးစမ်းစိစစ်မှုကို Justice For Myanmar က တုန့်ပြန် စစ်တပ်နှင့် ဆက်နွှယ်သည့် ဆောက်လုပ်ရေးဖော်ဆောင်သူကုမ္ပဏီအပေါ်  SGX ၏ စုံးစမ်းစိစစ်မှုကို Justice For Myanmar က တုန့်ပြန် Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.