ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် CEC ၁၈ ဦးထဲမှာ ၁၄ ဦး အဖမ်းခံထားရပြီး ခေါင်းဆောင်တွေရဲ့အမှုကို လာမယ့် မတ်လ ၁၉ ရက်မှာ သက်ဆိုင်ရာ တရားရုံးတွေအလိုက် ရုံးချိန်းတစ်ပြိုင်တည်း ခေါ်ဆိုထားတယ်လို့ သိရပါတယ်။
သူတို့အားလုံးအတွက် အမှုလိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေ ရှေ့နေပါဝါ လုံးဝတင်ခွင့်မရဘဲ အကျဉ်းသားအခွင့်ရေးတွေ ဆုံးရှုံးနေရတယ်လို့ CEC တစ်ဦးဖြစ်သူ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိဏ်ရဲ့သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-က ၊ ၅၀၅-ခ စတဲ့ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲထားပြီး မိသားစုနဲ့လည်း အဆက်အသွယ်မရဖြစ်နေကြတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ NLD ပါတီရဲ့ CEC မဟုတ်ဘဲ တစ်ပြည်လုံးလိုလိုက NLD ပါတီဝင်တွေလည်း အဖမ်းခံ နေကြရပြီး ၃၀၀ နီးပါးလောက် ရှိနေပြီဖြစ်ပါတယ်။
ပန်းဘဲတန်းမြို့နယ် ရပ်ကျေး NLD ဥက္ကဋ္ဌ ဦးခင်မောင်လတ် ဟာ မတ်လ ၆ ရက်နေ့ညက အဖမ်းခံရပြီး သေဆုံးခဲ့ရသလို စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်း ဟာလည်း မတ်လ ၈ ရက် မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/nld-cec-case-03102021035038.html
No comments:
Post a Comment