ဒူးပလာာခရိုင် ကော့ကရိတ်မြို့နယ်တွင် မတ်လ(၉)ရက်နေ့ ည(၇)နာရီခန့်က ကျိုက်ဒုံ-ကော့ကရိတ် လမ်းမကြီးပေါ် မောင်းနှင်းလာသည့် ၁၀ဘီကား နှစ်စီးအား သတင်းဌာနနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့တို့ စစ်ဆေးခဲ့ရာ အထောက်အထားမရှိပဲ သည်ဆောင်လာသည့် သစ်များဖြစ်ကြောင်းတွေ့ရှိရသည်။
သစ်ခိုးထုတ်မှုများအား အမှုအမှန်တိုင်းပေါ်ပေါက်အောင် ဆက်လက်စစ်ဆေးဆောင်ရွာက်သွားမည်ဖြစ်သည်။
ကေအဲန်ယူ(ဒူးပလာယာခရိုင်)
ခရိုင်သစ်တောဌာန အနေဖြင့် စီးပွားဖြစ် ဖြစ်စေ တရားမဝင်သစ်ထုတ်လုပ်ငန်းဖြစ်စေ စသည်တို့ကို လုံးဝခွင့်မပြုထားကြောင်းနှင့် ကေအဲန်ယူ သစ်တောဥပဒေအတိုင် ဆောင်ရွက်နေကြောင်း ဒူးပလာယာခရိုင်သစ်တောဌာန ထုတ်ပြန်ထားပြီးပြီ ဖြစ်သည်။
ဒေသခံပြည်သူများ အတွက် အမှန်တစ်ကယ်လိုအပ်သည့် အခြေခံအဆောက်အဦးများဖြစ်သည့် နေအိမ်များ၊စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများအတွက် အမှန်တစ်ကယ်လိုအပ်သည့် သစ်များကို ခရိုင်သစ်တောဌာနသို့ တင်ပြပြီး စနစ်တစ်ကျထုတ်ယူနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်သည်။
ရေအရင်းမြစ်များမရှားပါရေး၊ ရှားပါးတိရိစ္ဆာန်များမျိုးမတုန်းစေရေး၊သဘာဝပါတ်ဝန်းကျင် မထိခိုက်စေးရေး၊သစ်တောများမပြုန်းတီးရေး၊သစ်တောများတိုးပွားလာရေး၊သစ်ခိုးထုတ်မှုများအားထိရောက်စွာ အရေးယူနိုင်ရေးတို့ အတွက် ဒေသခံပြည်သူများမှလည်း ခရိုင်သစ်တောဌာန နှင့်အတူ ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း ခရိုင်သစ်တောဌာနမှ ပြောကြားထားသည်။
Thoolei News - KNU -Department Of Information
No comments:
Post a Comment