ကေအဲန်ယူ-သထုံခရိုင်၊ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၁)မှ ခရိုင်အတွင်းရှိ မြန်မာ့အာဏာသိမ်းတပ်မတော်၊ တပ်မ၊ တပ်ရင်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်
၂၀၂၁၊ မတ်လ ၉ ရက်၊ သထုံခရိုင်
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ သထုံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) မှ ၎င်းတို့ခရိုင်အတွင်းတပ်စွဲထားသော မြန်မာအာဏာသိမ်းတပ်မတော် (ခလရ-၂၀၄ တပ်ရင်း နှင့် ခလရ-၂၀၅ တပ်ရင်း) များအား နံနက် ၅းဝဝ အချိန်တွင်လည်းကောင်း၊(ခမရ-၁၁၈တပ်ရင်း) အားနံနက် ၇းဝဝ နာရီခန့်တွင်လည်းကောင်း၊ လေ့ကျင့်ရေး (၉) အလံတစ်ရာ) အား ၇း၄၅ မိနစ်တွင်လည်းကောင်း၊ (မြန်မာ့အာဏာသိမ်း တပ်မတော် တပ်မ ၄၄ ဌာနချုပ်အနီးမှ အမြှောက်တပ်ရင်း) အား နံနက် ၇းဝဝ နာရီခန့်တွင်လည်းကောင်း လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ထို့နောက်နံနက် ၁၁:၁၅ မိနစ်အချိန်တွင် မြန်မာ အာဏာသိမ်းတပ်မတော်မှ ကေအဲန်ယူ-ဘားအံမြို့နယ်၊ ညောင်ကုန်းရွာသစ်ရှိ KNLA -တပ်ရင်း (၁)၊ တပ်ခွဲ (၁) အား ဝင်ရောက်တိုက်ခိုက်သောကြောင့် အပြန်အလှန်ပစ်ခတ်ကြရာာဏာသိမ်းစစ်တပ်မှ (၃) ဦးကျဆုံးခဲ့ပြီး KNLA မှ ထိခိုက်မှုမရှိသော်လည်း တပ်ခွဲစခန်းအားစွန့်လွှတ်ခဲ့ရပြီး အာဏာသိမ်းတပ်မတော် အမြှောက်တပ်ရင်းမှလည်း (၂) ဦးကျဆုံးခဲ့၍ ယနေ့တွင် အာဏာသိမ်းတပ်မတော်မှ စုစုပေါင်း (၅) ကျဆုံးခဲ့သည်။
ကေအဲန်ယူ-သထုံခရိုင်၊ KNLA-တပ်မဟာ (၁) အနေဖြင့်လက်ရှိတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်၍ CDM တွင်ပါဝင်လာသော ပြည်တွင်းမှ ပြည်သူများကို လုံခြုံရေးအတွက် မိမိတို့နယ်မြေတွင်ခိုလှုံခွင့်ပေးထားပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုက်နေကြသော ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများဆက်လက်ပြုလုပ်လာပါက ကေအဲန်ယူ-တပ်မဟာ (၁) အနေဖြင့် မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူမှုအား ဆန့်ကျင်၍ ပြည်သူလူထုအတွက် နည်းလမ်းရှာကာ ရပ်တည်ရင်း ကာကွယ်စောင့်ရှောက်သွားမည်ဟု သိရသည်။
Thoolei News - KNU -Department Of Information
![ကေအဲန်ယူ-သထုံခရိုင်၊ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၁)မှ ခရိုင်အတွင်းရှိ မြန်မာ့အာဏာသိမ်းတပ်မတော်၊ တပ်မ၊ တပ်ရင်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixR2rd5KIYExnZ1id0v6xmGuXKCIOMpk7dF2jfcq5xsJb3g3t2NLyut-cdtKE0llpdXKHDZQYC1Uu8YfhlnllHyl5Oe3PTP5eaLvvcCgwnnoa0PEMCxgQsGttzsDwq4YoxvsQg-REAwFZ9/s72-w400-c-h297/1.jpg)
No comments:
Post a Comment