မတ် -၉-၂၀၂၁
ဆေးတက္ကသိုလ်(၁)ကျောင်းသား ကိုရှားထက်ပိုင် အပါအဝင် ဆေး(၁) ကျောင်းသား ၁၁ ဦးတို့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် Golden Palace ဟိုတယ်မှာ ဒီနေ့ မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်း ထံကနေ သိရပါတယ်။
ရဲမှူးကျော်ဝင်းက "ကနေ့မွန်းတည့် ၁၂ နာရီခန့်မှာ ကျောင်းသားခေါင်းဆောင် ရှားထက်ပိုင် အပါအဝင် ကျောင်းသား ၁၁ ဦးဖမ်းဆီးရမိခဲ့တာပါ။ လက်တစ်လောတော့ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပြီး ဘာပုဒ်မတွေတပ်မလဲဆိုတာ မသိရသေးဘူး" လို့ ပြောပါတယ်။
အဲ့ဒီဆေးကျောင်းသား ၁၁ ဦးအနက် ၈ ဦးက အမျိုးသားတွေဖြစ်ပြီး ၃ ဦးကတော့ အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီကျောင်းသားတွေနဲ့အတူ ကား ၂ စီး၊ စကားပြောစက်၊ ကျည်ကာအင်္ကျီနဲ့ မီးသတ်ဆေးဗူးတွေ တွေ့ရှိခဲ့ပြီး သူတို့ကို ခလရ ၉၆ ထဲမှာ လတ်တလော ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ဆရာဝန်တွေကစတင်ပြီး အကြမ်းမဖက်အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး လမ်းပေါ်ဆန္ဒပြမှုတွေကိုလည်း မန္တလေးမြို့မှာ ဆရာဝန်တဦးက ဦးဆောင်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆန္ဒပြပွဲတွေအတွင်း ဆေးတက္ကသိုလ်အသီးသီးက ကျောင်းသားတွေအပါအဝင် အခြားတက္ကသိုလ်တွေက ကျောင်းသားတွေလည်း ရာနဲ့ချီပြီး ဖမ်းဆီးခံထားရပါတယ်။
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
No comments:
Post a Comment