Golden Land East Asia Development (ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ဟာ Mytel နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြ
Golden Land East Asia Development (ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ဟာ Mytel နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြာသွားပါပြီ။
ဦးဝင်းအောင် ဦးဆောင်တဲ့ Golden Land လုပ်ငန်းဟာ ၎င်းတို့ရဲ့ MNTH (မြန်မာနေရှင်နယ် တယ်လီကွန်းဟိုးလ်ဒင်းစ် ပတ်ဘလစ် ကုမ္ပဏီလီမိတက်) မှာ ပါဝင်ထားတဲ့ အစုရှယ်ယာများအား ပြန်နုတ်သွားပြီဖြစ်ကြောင်း Justice For Myanmar ကို အသိပေး ကြေငြာသွားပါတယ်။ MNTH ဟာ Mytel ရဲ့ ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူအစုရှယ်ယာရှင်တစ်ခုပင် ဖြစ်ပါတယ်။
ဦးနေအောင် ရှယ်ယာ အများဆုံးပိုင်ဆိုင်တဲ့ International Power Generation ပြီးလျှင် Golden Land ဟာ Mytel နှင့် အဆက်အသွယ်ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တဲ့ ဒုတိယမြောက် လုပ်ငန်းတစ်ခုပင်ဖြစ်ပါတယ်။
Justice For Myanmr မှလည်း ပစ်မှတ်ထားပိတ်ဆို့အရေးယူရန်တောင်းဆိုထားခဲ့သည့် မြန်မာစစ်တပ်၏ အရေးပါသောစီးပွားရေးလုပ်ဖော်ကိုင်ဖက်စာရင်း “significant business associates” ဝင် Dagon အုပ်စုကို Golden Land မှတစ်ဆင့် မပတ်သက်သောကြောင်း ပြန်လည်ပြင်ဆင်ပေးထားပြီကိုလည်း အသိပေးဖော်ပြလိုပါတယ်။
Dagon လုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ ဦးဝင်းအောင် Golden Land ရဲ့ ဥက္ကဌ လည်းဖြစ်သလို၊ တသီးပုဂ္ဂလ အစုရှယ်ယာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
Justice For Myanmar
![Golden Land East Asia Development (ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ဟာ Mytel နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGv_SDXvKsEzZhGnvi_cbpCVkVomdO3gMpNlIL9yPhPzOA0J-9IM0HgWVagc4o4_LG8GWkFUdm158fz98-lOhyEdEW2SznPieQTxOM_hOsb68dRw9ML5W4GLvkW66vruKZTY1ossntW41/s72-w494-c-h640/50.png)
No comments:
Post a Comment