အဖမ်းခံထားရတဲ့ ပြည်မြို့က DVB သတင်းထောက် မိသားစုနဲ့ တွေ့ခွင့်မရသေး DVB သတင်းဌာန တံဆိပ် |
ပဲခူးတိုင်း ပြည်မြို့အခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ (က)နဲ့ ပြည်အကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲထားပြီး မိသားစုတွေ၊ ရှေ့နေတွေနဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့ ဇနီးဖြစ်သူ မမိုးမိုးက RFAကို ပြောပါတယ်။
မိသားစုဝင်တွေနဲ့ သူ့ရဲ့ရှေ့နေတို့ ဒီကနေ့ ပြည်အကျဉ်းထောင်ကိုသွားပြီး တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရခဲ့ကြောင်း၊ ထောင်ထဲက ကိုမင်းညို ပေးလိုက်တဲ့စာကို ထောင်ဝန်ထမ်းကဖတ်ပြလို့ ကျန်းမာရေးကောင်းမွန်ကြောင်း၊ မိသားစုပို့ပေးတဲ့ပစ္စည်းတွေ ရောက်တယ်ဆိုတာ သိရတယ်လို့ ကိုမင်းညိုဇနီးက ပြောပါတယ်။
ကိုမင်းညိုကို အချုပ်ယမန် နှစ်ပတ်ယူထားပြီး ဘယ်နေ့ရုံးချိန်းလုပ်မယ်ဆိုတာ ရက်အတိအကျမသိရ သေးဘူးလို့ ကိုမင်းညိုရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေက ပြောပါတယ်။
ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုကို မတ်လ ၃ ရက် နေ့လယ်ပိုင်းက ပြည်မြို့ နာရီစင်နားမှာ ရဲတပ်ဖွဲ့ က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
မြိတ်မြို့က DVB သတင်းထောက် ကိုအောင်ကျော်ကိုလည်း မတ်လ ၁ ရက်နေ့ညက သူ့နေအိမ်မှာ စစ်တပ်နဲ့ရဲတို့က လာရောက်ဖမ်းဆီးခဲ့ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/arrested-dvb-reporter-03102021040306.html
No comments:
Post a Comment