ကလေးမြို့ သပိတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတွေကို CDM ဆရာဝန်တွေ ကုသပေး

 

ကလေးမြို့က ဒီနေ့မနက် ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီးနောက် အင်အားသုံးဖြိုခွင်းခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူ အယောက် ၂၀ နီးပါးရှိလာပြီဖြစ်ပြီး အဲဒီထဲက လေးဦးက ဒဏ်ရာကြီးမားတယ်လို့ ဒဏ်ရာရသူတွေကို ကူညီနေတဲ့ မြို့ခံ ပရဟိတအဖွဲ့တွေက အတည်ပြုပါတယ်။

ဒဏ်ရာရသူတွေထဲက ၄ ဦးဟာ ဒဏ်ရာကြီးပြီး ဗိုက်ပွင့်တဲ့အထိ ဒဏ်ရာရသူတစ်ယောက်ကိုတော့ ကုသမှုပေးနေတုန်း ဖြစ်ပြီး ရင်ဘတ်ထိတဲ့တစ်ယောက်ကေတာ့ လက်ရှိ အခြေအနေ ပြန်ကောင်းနေတယ်လို့ ကူညီကုသမှုပေးရာမှာ ပါတဲ့ ဆရာဝန်တစ်ဦးက ပြောတယ်။

ဒဏ်ရာသူတွေကို CDM မှာ ပါဝင်နေတဲ့ဆရာဝန်တွေက ကုသမှုပေးနေတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ကလေးမြို့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အပြန်အလှန်ထိပ်တိုက်တွေ့ချိန် ရဲတွေ နောက်ပြန်ဆုတ်ခဲ့ရတဲ့အခိုက်အတန့်ကို ရိုက်ကူးထားတဲ့ဗီဒီယို အတိုတစ်ခုလည်း လူမှုကွန်ရက်ပေါ် ပျံ့နေပါတယ်။ အဲဒီနောက်မှာ ရဲတွေက သေနတ်ပစ်ဖောက်လူစုခွဲခဲ့တာဖြစ်ပါတယ်။

ကလေးမြို့မှ ယနေ့ ထိမှန်ခဲ့သောလူနာများ

၁။ ဗိုက်ပွင့်လူနာကို သွေးသွင်းပေးထားပြီး တီးတိန်မှ ခွဲစိတ်ဆရာဝန် ကလေးကို လာနေပြီလို့ သိရ

၂။ ပေါင်မှန်တဲ့ လူနာတယောက် ကိုလည်း ပေါင်မှ သွေးကြောပြတ်သွားသောကြောင့် ယခု ခွဲစိတ်ကုသနေ

၃။ ရင်ဘတ်ထိမှန်တဲ့ လူငယ်တယောက်ကတော့ အဆုတ်ကိုထိသွားလို့ စိုးရိမ်ရပြီး ဆရာဝန်တွေကြိုးစားကုသပေးနေ

၄။ ခြေထောက်ထိမှန်ခဲ့တဲ့လူနာကို းဓာတ်မှန်ရိုက်ရာ အထဲတွင် ခဲများပျံ့နေပီး အရိုးများ ဆက်မရအောင်ကြေနေတယ်လို့ ဆရာဝန်ပြော

ကျန်တဲ့လူနာများကတော့ စိုးရိမ်စရာသိပ်မရှိသောကြောင့် ကုသမှုပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ကလေးမြို့ သပိတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတွေကို CDM ဆရာဝန်တွေ ကုသပေး  ကလေးမြို့ သပိတ်ဖြိုခွင်းမှုက ဒဏ်ရာရသူတွေကို CDM ဆရာဝန်တွေ ကုသပေး Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.