နန်းယွန်းတွင် CDM လုပ်သောဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ထွက်ခိုင်း


နန်းယွန်း၊ မတ်- ၇

နာဂဒေသ နန်းယွန်းမြို့ရှိ CDM လုပ်သော ဝန်ထမ်းအချို့ကို ဝန်ထမ်းများနေအိမ်မှ ယနေ့ နောက်ဆုံး ထွက်ခိုင်းကြောင်း ဝန်ထမ်းတစ်ဦးကပြောသည်။

"ဒီနေ့အပြီးသွားဖို့ ပြောတာ။ မဆင်းပေးရင် ပုဒ်မ ၅၀၅(က )နဲ့ ဆွဲမယ် ။ ဒီနေ့ ၁၁ နာရီ နောက်ဆုံး ဆင်းပေးဖို့ မောင်းထုတ်တာဘဲ"ဟု ၄င်းကပြောသည်။

CDM လုပ်သောဝန်ထမ်းများကို  ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်မှု များလည်းရှိနေကြောင်း CDM ဝန်ထမ်းများကပြောသည်။

ယနေ့တွင် ကျေးလက်ဦးဌာန ဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းတို့ နှစ်ဦး ဝန်ထမ်းအိမ်ရာမှ နှင်ထုတ် ခံရကြောင်းသိရသည်။


Monywa Gazette

https://www.facebook.com/monywagazette

နန်းယွန်းတွင် CDM လုပ်သောဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ထွက်ခိုင်း နန်းယွန်းတွင် CDM လုပ်သောဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ထွက်ခိုင်း Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.