အစ္စရေးလ်နိုင်ငံ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ကိုကောင်းထက် CDM မှာပူးပေါင်း



အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ကိုကောင်းထက်ဟာ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ဒီကနေ့ ပါဝင်လာခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာ၊ နိုင်ငံတကာစာမျက်နှာမှာ တရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုဖို့ ဆန္ဒမရှိတာ၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေနဲ့ နေအိမ်တွေထဲထိ အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်းနေမှုတွေအပေါ် လုံးဝ (လုံးဝ) လက်မခံနိုင်တဲ့အတွက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကိုကောင်းထက် က ပြောပါတယ်။ 
အခုဆိုရင် ကုလသမဂ္ဂ အပါအဝင် အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ အစ္စရေးလ်နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေက ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ စုစုပေါင်း ၂၈ ယောက် ရှိသွားပါပြီဖြစ်ပါတယ်။

RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmese



အစ္စရေးလ်နိုင်ငံ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ကိုကောင်းထက် CDM မှာပူးပေါင်း အစ္စရေးလ်နိုင်ငံ မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ကိုကောင်းထက် CDM မှာပူးပေါင်း Reviewed by THITHTOOLWIN on 05:02 Rating: 5

No comments:

Powered by Blogger.