CDM လုပ်ချင်သူတွေအတွက် တံခါးအမြဲဖွင့်ထား၊ ကျဆုံးအာဇာနည်တွေအတွက်ဂုဏ်ပြုကာလ ၁ လသတ်မှတ်မယ်လို့ CRPH ရဲ့ဝန်ကြီးကြေညာ


အလုပ်မတက် ရုံးမသွားတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လိုသူတွေကို မတ် ၈ ရက်နောက်ဆုံးတံခါးပိတ်မယ်လို့ မူလကကြေညာခဲ့ပေမယ့် CDM ဝင်လိုသူအားလုံးအတွက် တံခါးအမြဲတမ်းဖွင့်ထားမယ်လို့ CRPH က ခန့်အပ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက မတ် ၈ရက်နေ့မှာ ပြန်လည်ကြေညာခဲ့ပါတယ်။

ဒ့ါအပြင် မတ် ၇ ရက်ညပိုင်းက ရန်ကုန်မြို့က ဆေးရုံတွေနဲ့ ကျောင်းအချို့မှာ တပ်စွဲပြီး ပစ်ခတ်တာတွေ ရှိခဲ့တဲ့အတွက်လည်း ဝန်ထမ်းတွေ CDM မှာ ပိုပြီးပါဝင်လာနိုင်မှာလို့လည်း သူကဆိုပါတယ်။

လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးရာမှာလည်း တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဘုံရည်မှန်းချက် တူညီကြတယ်လို့လည်းဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ၂၀၂၁ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ကျဆုံးသွားခဲ့သူတွေအတွက် ဝမ်းနည်းတဲ့အနေနဲ့ ဂုဏ်ပြုအထိမ်းအမှတ်ကာလကို ၁ လ သတ်မှတ်လိုက်တယ်လို့လည်း သိရပါတယ်။

၁ လတာ ကာလအတွင်း အလံတိုင်တဝက်လွှင့်ထူခြင်း၊ အထိမ်းအမှတ်ကျောက်စာတိုင်စိုက်ထူတာတွေ၊ ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပတာတွေအပြင် နေ့စဉ် မနက် ၉နာရီတိုင်းမှာ ကမ္ဘာမကြေဘူးနဲ့ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုတာတွေကို လုပ်သွားမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

CDM လုပ်ချင်သူတွေအတွက် တံခါးအမြဲဖွင့်ထား၊ ကျဆုံးအာဇာနည်တွေအတွက်ဂုဏ်ပြုကာလ ၁ လသတ်မှတ်မယ်လို့ CRPH ရဲ့ဝန်ကြီးကြေညာ CDM လုပ်ချင်သူတွေအတွက် တံခါးအမြဲဖွင့်ထား၊ ကျဆုံးအာဇာနည်တွေအတွက်ဂုဏ်ပြုကာလ ၁ လသတ်မှတ်မယ်လို့ CRPH ရဲ့ဝန်ကြီးကြေညာ Reviewed by THITHTOOLWIN on 11:03 Rating: 5

No comments:

Powered by Blogger.