ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက မတ်လ ၁ ရက်နေ့ကစလို့ တစ်လတိတိ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူရမှာဖြစ်ပါတယ်။
ကမ္ဘာတဝန်းက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံအရေးက ရှေ့တန်းက ပါဝင်လာလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က RFA မေးမြန်းချိန်မှာ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က မြန်မာကောင်စစ်ဝန်ရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ သံရုံးတာဝန်ရှိသူတွေ တွေ့ဆုံပြီး၊ လက်ရှိ တာဝန်ကို ဆက်ပြီး ထမ်းဆောင်သွားမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာကောင်စစ်ဝန်ရုံးအပြင်ဘက်မှာတော့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ၁ဝဝ လောက် စုဝေးပြီး၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြနေကြပါတယ်။
RFA Burmese
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန်ဖိအားပေးဖို့ရှိ
Reviewed by THITHTOOLWIN
on
02:42
Rating:

No comments:
Post a Comment