ကလေးမြို့မှာ တာဟန်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြနေစဉ် မြို့လှရပ်ကွက်ထဲအရောက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ရဲနဲ့စစ်တပ်တွေဟာ ပတ်ပတ်လည် ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး အသံဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦး သေဆုံးကာ စိုးရိမ်ရသူတွေအပါအဝင် ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့သလို ဖမ်းဆီးခံရသူလည်း အနည်းဆုံး ၁၀ ဦးရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျန်ကျဲအို၊ ကလေး ၃ ဦးဖခင် အသက် ၂၇ နှစ်အရွယ် ဦးကျင်ခန့်မာန် အပါအဝင် ယနေ့ ညနေ ၄ နာရီလောက်မှာ ချင်းတောင်တန်းကားဂိတ်အနီးမှာလည်း ထပ်မံပစ်ခတ်မှုကြောင့် နောက်ထပ် အမျိုးသားနှစ်ဦး သေဆုံးပြီး စိုးရိမ်ရသူ ၄ ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ မျက်မြင်တစ်ဦးက အတည်ပြုပါတယ်။ သေဆုံးသူ နောက်၂ဦးရဲ့ နာမည်ကိုတော့ VOM စုံစမ်းနေဆဲဖြစ်ပါတယ်။
ကလေးမြို့မှာ ယနေ့ ညနေ ၅ နာရီခွဲအထိ စုံစမ်းသိရသလောက် အမျိုးသား ၄ ဦး သေဆုံးခဲ့သလို သေဆုံးသူတွေအားလုံးဟာ ချင်းအမျိုးသားတွေဖြစ်ပြီး စိုးရိမ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ၅ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။
မတ်လ ၃ ရက်နေ့ကလည်း ကလေးမြို့မှာ မောင်ဇင်မျိုးမောင် အသက် ၁၈ နှစ်အရွယ်တယောက် သေဆုံးခဲ့ပါသေးတယ်။
သိမ်မွေ့ကဗျာ
Voice of Myanmar
No comments:
Post a Comment