ပြည်လုံးကျွတ် အာဏာဖီဆန်ရေးအတွက် မဟာမိတ် အလုပ်သမားအဖွဲ့အစည်းများ နှိုးဆော်

အကြမ်းဖက် ဖြိုခွဲမှုတွေကြားက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများ (မတ်လ ၇ ရက်၊ ၂၀၂၁) Myanmar Labour News

အာဏာသိမ်းထားတဲ့ စစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေနဲ့ တက္ကသိုလ်တွေ၊ ဆေးရုံတွေမှာပဲ ဝင်ရောက် စီးနင်း စခန်းချ တာတွေ လုပ်ခဲ့တဲ့နောက်မှာ မြန်မာနိုင်ငံက သြဇာကြီးတဲ့ မဟာမိတ် အလုပ်သမားအဖွဲ့အစည်းများက မတ်လ ၈ ရက် တနင်္လာနေ့ကစပြီးး တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီး မှောက်ဖို့ ကြေညာချက် ထုတ်ပြန် ဆော်သြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ရပ်ဆိုင်းအောင် ကြိုးစားတဲ့အနေနဲ့ တနိုင်ငံလုံး “အလုပ်မဆင်း၊ အလုပ်ရပ် လှုပ်ရှားမှု လုပ်ဆောင် ကြဖို့ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂနဲ့ အဖွဲ့အစည်းပေါင်း ၁၈ ခုက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

စီးပွါးရေး လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ပြီး အထွေထွေ အလုပ်ရပ် လှုပ်ရှားမှု လုပ်ဖို့ ကြန့်ကြာနေမယ်ဆိုရင် အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်တပ်မတွက်ပဲ အကျိုးရှိမှာ ဖြစ်ပြီး အခုအချိန်ဟာ ဒီမိုကရေစီကို ခုခံကာကွယ်ရမယ့် အချိန်ဖြစ်တဲ့ အတွက် အလုပ်ရပ်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အလုပ်သမားသမဂ္ဂ ဥက္ကဌ မမိုးစန္ဒာမြင့်ကတော့ အလုပ်သမား အများစုပါဝင်ပူးပေါင်းလာမယ်လို့ သူယုံကြည်ကြောင်းနဲ့ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ဒီအထွေထွေ သပိတ်ကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းပါတယ်။

အခုလို မြန်မာအလုပ်သမားအဖွဲ့အစည်း တွေက အထွေထွေ သပိတ်မှောက်ဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ သဘောထားကို သိရဖို့ ဆက်သွယ်ပေမယ့် ဖုံးလက်ခံ ဖြေကြားတာ မရှိကြောင်း ရိုက်တာ သတင်းမှာ ရေးပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/allied-labour-unions-call-for-nationwide-uprising/5805626.html

ပြည်လုံးကျွတ် အာဏာဖီဆန်ရေးအတွက် မဟာမိတ် အလုပ်သမားအဖွဲ့အစည်းများ နှိုးဆော် ပြည်လုံးကျွတ် အာဏာဖီဆန်ရေးအတွက် မဟာမိတ် အလုပ်သမားအဖွဲ့အစည်းများ နှိုးဆော် Reviewed by THITHTOOLWIN on 10:16 Rating: 5

No comments:

Powered by Blogger.