ထားဝယ်မှာ ဒီနေ့ ညနေပိုင်း ကစပြီး မြို့အနှံ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ် မှုတွေလုပ်နေတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာတွေဟာ သပိတ်စခန်းတွေ အနီးက မြို့လယ်က ရုပ်ရှင်ရုံ၊ တရုတ်ဘုံကျောင်း ၊ပရဟတိလုပ်တဲ့နေရာတွေ ဖြစ်ပြီး အဲ့ဒီနေရာတွေမှာ တပ်က နေရာဝင်ယူတဲ့နေတဲ့ အတွက် ကန့်ကွက်ရာကနေ ပစ်ခတ်မှုတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ရှိတယ်လို့ သိရပေမဲ့ တစ်စုံတစ်ရာ အတည် မပြုနိုင်သေးကြောင်းလည်း သူကပြောပါတယ်။
ဘီဘီစီက တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ ပစ်ခတ်မှုတွေကြောင့်ဆိုင်ကယ်တွေ ပျက်စီးတာ ၊လူအချို့ ဒဏ်ရာရခဲ့တာကိုလည်း တွေ့ရပါတယ်။
BBC Burmese
ထားဝယ်မှာ ဒီနေ့ ညနေပိုင်းပစ်ခတ်ဖြိုခွင်းနေ
Reviewed by THITHTOOLWIN
on
22:43
Rating:
![ထားဝယ်မှာ ဒီနေ့ ညနေပိုင်းပစ်ခတ်ဖြိုခွင်းနေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghq1xVcXvy020UKT6iPOBulRU0H3lfN5gH0ri-hjbvnvwRBFPxy0NKt5Tce5JrYLI3gmiXc960qHu_wYzLQAtUyQIsCqV-Cx5tyud_kGLnsnoVxieJE5pBLMjkLIWb0Rl6lT4ECI4g1ywx/s72-w400-c-h248/3.jpg)
No comments:
Post a Comment