ကမ္ဘောဇဘဏ်ခွဲတွေ သတ်မှတ်ရက်မှာ အချိန်ပိုင်းဖွင့်မယ်


ပုဂ္ဂလိကဘဏ် ကမ္ဘောဇဟာ ဘဏ်ခွဲတွေကို မနက်ဖြန် မတ်လ ၃ ရက်ကနေ မတ်လ ၅ ရက်အတွင်း အချိန်ပိုင်း ဖွင့်သွားဖို့ ရှိတယ်ဆိုပြီး ဘဏ်ဝန်ထမ်းတချို့က အတည်ပြုပြောဆိုပါတယ်။

'အများပြည်သူရဲ့အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ ဘဏ်လုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ တခြားအသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တွေမှာ လုပ်တဲ့ ဝန်ထမ်းတွေကို လစာပေးတာတွေ အဓိကလုပ်နိုင်ဖို့ ဖွင့်တာဖြစ်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ဆန္ဒရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်အချိန်ထဲကမှ နေ့တဝက်အချိန်ပေးပြီး ကူညီပေးသွားရန် ဖိတ်ခေါ်လိုတယ်ဆိုပြီး ဝန်ထမ်းတွေကို အကြောင်းကြားခဲ့တာလို့ ကမ္ဘောဇဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

ဘဏ်ဝန်ဆောင်မှု အမျိုးအစားနဲ့ အကြိမ်အရေအတွက်ကိုတော့ ကန့်သတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစာကို ဖေဖော်ဝါရီ ၂၅ ရက် က ထုတ်ခဲ့တာဖြစ်ပြီး မိမိသဘောဆန္ဒအလျောက် ပါဝင်ကူညီချင်လိုတဲ့ ကမ္ဘောဇဘဏ် ဝန်ထမ်းတွေ အနေနဲ့ စာရင်းပေးနိုင်တဲ့လင့်ခ်ကိုလည်း SMS စနစ်နဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ကမ္ဘောဇဘဏ်ခွဲတွေ သတ်မှတ်ရက်မှာ အချိန်ပိုင်းဖွင့်မယ် ကမ္ဘောဇဘဏ်ခွဲတွေ သတ်မှတ်ရက်မှာ အချိန်ပိုင်းဖွင့်မယ် Reviewed by THITHTOOLWIN on 01:52 Rating: 5

No comments:

Powered by Blogger.